ဟောင်ဂန်နဲ့ပွဲအပြီးမှာ‌ပြောခဲ့တာပါ။

ရန်ကုန်အသင်းက AFC CUP အတွက် နိုင်ငံခြားသား ၄ဦး အပြည့်ခေါ်ထားတာဖြစ်ပါတယ်။

ရန်ကုန်က ဟောင်ဂန်ယူနိုက်တက်ကို ၁-၀နဲ့ အနိုင်ရခဲ့တဲ့ AF CUP ပြိုင်ပွဲအပြီးမှာတော့ မိမိတို့ ရန်ကုန်အသင်းက နိုင်ငံခြားသားကစားသမားတွေက ပြည်တွင်းကစားသမားတွေလောက်တောင် အားမကိုးရ ဖြစ်နေတယ်လို့ နည်းပြ ချုပ် ဦးတင်မောင်ထွန်းက ပြောခဲ့ပါတယ်။



“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော့်မှာရှိတဲ့ နိုင်ငံခြားသားကစားသမားတွေက ပြည်တွင်းကစားသမား တွေလောက်တောင် အားမကိုးရဘူး ဖြစ်နေတာ တွေ့ရပါတယ်။သူတို့သာ သေချာ ဖိဖိစီးစီးကစားမယ်ဆိုရင် သူတို့ လည်းဂိုးရမယ်၊အသင်းလည်း အောင်မြင်မယ်၊ကောင်းတယ်မကောင်းဘူးဆိုတာာကတော့ ပရိသတ်တွေအားလုံး ကြည့်နေတာ မြင်တာပဲ ဒါကိုတော့ ကျွန်တော် မပြောချင်ပါဘူး။”လို့ ဦးတင်မောင်ထွန်းက ပြောခဲ့တာပါ။

ဒါကြောင့် ဒု-ကျော့မှာ ပြည်ပ ကစားသမားလဲလှယ်ဖို့ ရှိမရှိဆိုတဲ့အပေါ် DuwunSportsက မေးမြန်းခဲ့ရာမှာတော့ အသင်းပိုင်ရှင်နဲ့ ပြန်လည်တိုင်ပင် ညှိနှိုင်းမှု ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

“လဲရင်တော့ ပိုက်ဆံကုန်မယ်၊ဒီတော့ သူဌေးဆန္ဒကို မေးကြည့်ရပါမယ်၊သူက လဲဖို့ ခွင့်ပေးရင်တော့ လဲပါမယ်” လို့ ဦးတင်မောင်ထွန်းက ဆက်လက်ပြောပါတယ်။

ရန်ကုန်အသင်းက လက်ရှိ AFC CUP အုပ်စုတွင်းမှာ ဟိုချီမင်းစီးတီးအသင်းနဲ့ ရမှတ် ၇မှတ်တူ ရဂိုး ကွာခြားချက်အရ အဆင့် ၂မှာရပ်တည်နေပါတယ်။

မြန်မာနေရှင်နယ်လိဂ်မှာတော့ ရမှတ် ၂၀နဲ့ အဆင့် ၃ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံးက ဟံသာဝတီနဲ့ ၄ မှတ်ကွာဟနေပါတယ်။

AFC CUPမှာတော့ အုပ်စုဗိုလ်တစ်သင်းတည်းသာ ဇုန်ဆီမီးဖိုင်နယ်ကို သေချာပေါက်တက်လှမ်းမှာ ဖြစ်ပြီး အကောင်းဆုံးအုပ်စုဒုတိယရတဲ့ အသင်းတစ်သင်းသာ လိုက်ပါ တက်ရောက်နိုင်မှာပါ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က