ရမှတ်တူအနေအထားမှာ ဧရာဝတီက ဂိုးကွာခြားချက်အသာနဲ့ အဆင့် ၁နေရာမှာ ရှိနေပါတယ်။

နှစ်သင်းစလုံး နိုင်ပွဲကိုယ်စီရခဲ့ကြလို့ ရမှတ်ကွာဟခြင်းမရှိပေမယ့် ဧရာဝတီကတော့ ဂိုးကွာခြားချက် တစ်ဂိုး အသာနဲ့ အဆင့် ၁နေရာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ပါတယ်။

ဟံသာဝတီယူနိုက်တက်အသင်းဟာ ရခိုင်ယူနိုက်တက်အသင်းကို ၃-၁ဂိုးနဲ့ အနိုင်ရခဲ့ချိန် ဧရာဝတီယူနိုက်တက်က လည်း စစ်ကိုင်းယူနိုက်တက်ကို ၂-၀နဲ့ အနိုင်ရလိုက်တဲ့အတွက် ထိပ်ဆုံးမှာ ရမှတ်တူ ဦးဆောင်နေတဲ့ ဧရာဝတီနဲ့ ဟံသာဝတီယူနိုက်တက်တို့ နှစ်သင်းဟာ အခုချိန်ထိ ရမှတ် ကွာဟခြင်း မရှိပဲ ရမှတ်တူအနေအထားနဲ့ အမှတ်ပေး ဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။



လက်ရှိမှာ နှစ်သင်းစလုံးရဲ့ ရမှတ်က ၃၆မှတ်စီ တူညီနေပေမယ့် ဧရာဝတီယူနိုက်တက်အသင်းက ဂိုးကွာခြားချက် တစ်ဂိုးအသာနဲ့ အဆင့် ၁နေရာမှာ ရပ်တည်နေပါတယ်။

လက်ကျန် ၄ပွဲသာ လိုတော့တဲ့အချိန်မှာ ရမှတ်တူအနေအထားမှာ သွင်းဂိုးတွေ ပိုမို ရရှိဖို့ လိုအပ်နေပြီး ပေးဂိုးတွေ တတ်နိုင်သမျှ နည်းအောင် ကြိုးစားဖို့လည်း လိုအပ်နေပါတယ်။

နှစ်သင်းစလုံးအတွက် ပထမဆုံး အမှတ်ပေးဖလား ချန်ပီယံဆု တိုက်ပွဲဖြစ်တာနဲ့အညီ ရမှတ်တွေ အပြည့်အဝရရှိ အောင်စွမ်းဆောင်ထားနိုင်မှုက ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ဇာတ်ရှိန်ပိုမို မြင့်မားစေလျက်ရှိတာပါ။

တစ်ချိန်တည်းမှာ ကစားခဲ့တဲ့ ရတနာပုံအသင်းနဲ့ ဆောက်သမ်းမြန်မာအသင်းတို့ ပွဲမှာလည်း ရတနာပုံ အသင်းက ၃-၀နဲ့ အနိုင်ရခဲ့လို့ အဆင့် ၅က ရခိုင်အသင်းနဲ့ တစ်မှတ်သာ ကွာဟပါတော့တယ်။

အနိုင်ရခဲ့ကြတဲ့ ဧရာဝတီအသင်းက လာမယ့်ပွဲစဥ်မှာ ရခိုင်နဲ့လည်းကောင်း၊ဟံသာဝတီက ရန်ကုန်နဲ့လည်းကောင်း၊ ရတနာပုံက မကွေးနဲ့လည်းကောင်း အသီးသီး ဆက်လက်ယှဥ်ပြိုင်ကစားရမှာပါ။

မနက်ဖြန်မှာတော့ ရှမ်းနဲ့ ရန်ကုန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေလို့ ချန်ပီယံပြေးလမ်းမှာ ရှုံးတဲ့အသင်းက လိုက်မီ ဖို့ ပိုဝေးသွားတော့မှာပါ။

အမှတ်ပေးဇယားအောက်ခြေမှာ ရပ်တည်နေတဲ့ အား/ကာသိပ္ပံနဲ့ မကွေးအသင်းတို့ရဲ့ ဂုဏ်သိက္ခာတိုက်ပွဲကလည်း လူငယ်တွေရဲ့ ကစားအားနဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာအုံးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က