ရန်ကုန်ရဲ့ ရှုံးပွဲမရှိစံချိန်ကိုပါ ရိုက်ချိုးပစ်ခဲ့တာပါ။
Pyae Phyo Thein

ဟံသာဝတီအသင်းပွဲစဉ်က မနက်ဖြန်မှကစားရမှာဖြစ်လို့လည်း သူတို့က အမှတ်ပေးဇယားမှာ ရမှတ် ၂မှတ်အသာရရှိခဲ့ပြီး ယာယီဦးဆောင်ခွင့်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ 


ဒီနေ့ညနေပိုင်းက ကစားခဲ့ကြတဲ့ ဧရာဝတီနဲ့ ရန်ကုန်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကတော့ နိုင်ပွဲရဖို့ အကြိတ်အနယ်အားထုတ်မှုတွေနဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ရှုံးပွဲမရှိသေးတဲ့ အသင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံတာဖြစ်သလို ဟံသာဝတီနဲ့ အမှတ်မကွာဟဖို့အတွက်ပါ အာရုံစိုက်ကစားခဲ့ကြလို့ နှစ်သင်းစလုံးမှာ အဓိကကစားသမားအစုံအလင်နဲ့ အင်ပြည့်အားပြည့်ရှိခဲ့ပါတယ်။


ပွဲစတာနဲ့ ဧရာဝတီက အိမ်ရှင်ပီပီဖိအားပေးကစားခဲ့ပါတယ်။ အထနှေးလေ့ရှိတဲ့ ရန်ကုန်ယူနိုက်တက်ရဲ့အားနည်းချက်ကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဧရာဝတီကပွဲကို ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ရန်ကုန်ယူနိုက်တက်က ကစားကွက်ပုံမှန်ပြန်ရလာခဲ့ပြီး ပြန်လည်ထိုးဖောက်မှုတွေနဲ့ ဧရာဝတီကို ခြိမ်းခြောက်ခဲ့ပါတယ်။


အပိုင်အခွင့်အရေးတွေရရှိမှုနည်းပါးခဲ့ကြလို့ ပထမပိုင်းကတော့ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး လူစားလဲလှယ်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ကြပြီး နိုင်ပွဲရဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ အပြန်အလှန်ထိုးဖောက်နေမှုတွေနဲ့ အသက်ဝင်နေခဲ့ပြီး မိနစ် ၆၀ ကျော်မှာတော့ ဧရာဝတီအတွက် ဆာဆက်က ညာခြမ်းကဖြတ်တင်ပေးပို့မှုကို အပိုင်ခေါင်းတိုက်သွင်းယူကာ ရယူပေးခဲ့ပါတယ်။ 


ဂိုးပေးလိုက်ရပြီးနောက်မှာ ရန်ကုန်ယူနို်က်တက်တို့ ချေပဂိုးရဖို့ အသားကုန်တိုက်စစ်ဆင်ခဲ့ပါတယ်။ ဇာနည်ထက်ရဲ့ကန်တင်ပေးမှုက ဘားတန်းထိထွက်ခဲ့ပြီး ပြန်အံထွက်လာတာကို အီမန်နူရယ်ခေါင်းတိုက်ခဲ့ရာမှာ လွဲချော်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဧရာဝတီကတော့ အနိုင်ဂိုးကို ထိန်းသိမ်းကစားနိုင်ဖို့သာ အားပြုခဲ့ပြီးတော့ အိမ်ကွင်းမှာ အဖိုးတန်နိုင်ပွဲကို ရယူသွားခဲ့ပါတယ်။ 


ဒီနိုင်ပွဲနဲ့အတူ ဧရာဝတီကတော့ ဟံသာဝတီရဲ့ ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်ခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်ရဲ့ ရှုံးပွဲမရှိစံချိန်ကိုလည်း ပျက်ပြယ်စေခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဟံသာဝတီအသင်းပွဲစဉ်က မနက်ဖြန်မှကစားရမှာဖြစ်လို့လည်း သူတို့က အမှတ်ပေးဇယားမှာ ရမှတ် ၂မှတ်အသာရရှိခဲ့ပြီး ယာယီဦးဆောင်ခွင့်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ 


က္က