မြန်မာပြည်ဒါဘီပွဲမှာ ရန်ကုန်က ၃-၁နဲ့ အနိုင်ရခဲ့တာပါ။

ရတနာပုံအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ မြတ်ကောင်းခန့်၊လှိုင်းဘိုဘို၊မျိုးကိုထွန်း စတဲ့ ကစားသမားအချို့ ဒဏ်ရာပြဿနာ အနည်းငယ်ရှိလျက်နဲ့ ကစားပေးခဲ့ကြတာလို့ နည်းပြက ဆိုပါတယ်။

ရတနာပုံအသင်းက ရန်ကုန်အသင်းကို ၃-၁နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကစားသမားအချို့ ဒဏ်ရာရှိလျက် ကစားပေးခဲ့ကြ တယ်လို့ ရတနာပုံ နည်းပြချုပ် ဦးအောင်ကျော်မိုးက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။



“ကျွန်တော့်ကစားသမားတွေ ဒဏ်ရာရှိလျက်နဲ့ ကစားပေးခဲ့ကြတာပါ။သူတို့ကိုလည်း ဒဏ်ရာနဲ့ ပေးမကစားချင် ပေမယ့် ၆ရက် ၂ပွဲကစားရတဲ့ အနေအထားမှာ သူတို့ကိုယ်တိုင်ကလည်း ကစားမယ်ဆိုလို့ ခွင့်ပြုခဲ့ရတာပါ။ဒဏ်ရာ တွေရှိလျက်နဲ့ ရုန်းခဲ့တဲ့ ရှေ့နှစ်ပွဲတော့ ရပေမယ့် ရန်ကုန်နဲ့တော့ မရခဲ့ပဲ ရှုံးခဲ့တယ်လို့ ပြောရမှာပါ။”လို့ ဦးအောင် ကျော်မိုးက ဆိုပါတယ်။

ရတနာပုံအသင်းမှာ မြတ်ကောင်းခန့်၊လှိုင်းဘိုဘို၊မျိုးကိုထွန်း စတဲ့အဓိက ကစားသမားအချို့ ဒဏ်ရာပြဿနာ အနည်းငယ်စီ ရှိနေခဲ့ပေမယ့် ကစားပေးခဲ့ကြတာလို့ နည်းပြက ထုတ်ဖော်ပြောခဲ့ပါတယ်။

ရတနာပုံအသင်းအနေနဲ့ ကိုဗစ်အလွန် ပြန်လည်စတင်တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲအစ ၂ပွဲဆက်မှာ တစ်ပွဲ ၄ဂိုးနှုန်း စီသွင်းပြီး ပြိုင်ဖက်တွေကို အနိုင်ယူထားနိုင်ခဲ့ပေမယ့် ရန်ကုန်နဲ့ မြန်မာပြည်ဒါဘီပွဲမှာတော့ အရေးနိမ့်ခဲ့တာပါ။

လက်ရှိမှာတော့ အဆင့် ၆နေရာမှာ ရပ်တည်နေပြီး ဒီနေ့မှာ ကစားမယ့် စစ်ကိုင်း၊ရခိုင် အသင်းတို့ရဲ့ ပွဲစဥ်တွေအပြီး မှာတော့ အမှတ်ပေးဇယားရပ်တည်မှု အပြောင်းအလဲ ရှိနိုင်ပါတယ်။

Share

Loading Next Article...
က္က