၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
Kyaw Ko Ko Sint

ရန်ကုန်အသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပြီး ထိုက်ထိုက်အောင်နည်းတူ ရန်ကုန်အသင်းက ကြည်လင်း၊ မောင်မောင်ဝင်းနဲ့ အောင်ကျော်နိုင်တို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ၃ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့ နောက်ခံလူ ထိုက်ထိုက်အောင် က ရန်ကုန်အသင်းနဲ့အတူ လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရအောင် ပြန်လည်ကြိုးစားသွားမယ်လို့ ရန် ကုန်အသင်း မီဒီယာကို ပြောသွားပါတယ်။



ရန်ကုန်အသင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ဒီအသင်းရဲ့ အဓိက ကစားသမားအဖြစ် နေရာတစ်နေရာ ရအောင် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေလည်း ရယူချင်ပါတယ်။ ဒီအသင်းမှာ ခြေစွမ်းပြကစားနိုင်ပြီး လက်ရွေးစင်ပြန်ပါအောင်လည်း ကြိုးစားသွားမှာပါ"လို့ ပြောခဲ့ပါတယ်။

ထိုက်ထိုက်အောင်ကတော့ အားလုံးသိကြတဲ့အတိုင်း ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ဝင်ခွင့်ရခဲ့တဲ့ မြန်မာ ယူ-၂၀ အသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်ခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုတော့ ဧရာဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်အသင်းတို့နဲ့အတူ ဖြတ်သန်းခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်းကိုရောက်ရှိချိန်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းမှာ လည်း ရွေးချယ်ခြင်း မခံရတော့တဲ့အထိ ခြေစွမ်းပိုင်း ကျဆင်းခဲ့ရသူပါ။



 ပရိသတ်တွေအနေနဲ့လည်း ကျနော့်ကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ရန်ကုန် အသင်းနဲ့ အတူတူ တိုက်ပွဲဝင်ပြီး ပရိသတ်တွေလိုချင်တဲ့ ဆုဖလားတွေ ရရှိအောင်စွမ်းဆောင်ပေးသွားပါမယ်”လို့ ရန်ကုန်အသင်း ပရိသတ်တွေကိုလည်း ထိုက်ထိုက်အောင်က ဆက်လက်တောင်းဆိုခဲ့ပါသေးတယ်။

ရန်ကုန်အသင်းကတော့ ဒီနှစ်မှာ ကစားသမားခေါ်ယူမှုကို အင်တိုက်အားတိုက်ပြုလုပ်နေပြီး ကစားသမားခေါ်ယူမှုတွေ အဖြစ် ကစားသမားဟောင်း ကြည်လင်းအပါအဝင် ဇွဲကပင်မှာခြေစွမ်းပြနေတဲ့ မောင်မောင်ဝင်း၊ဧရာဝတီက အောင်ကျော်နိုင်တို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။

ပြည်ပ ကစားသမားတွေကိုလည်း ကစားသမားအသစ်တွေကို ရွေးချယ်ခေါ်ယူနိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်နေ တယ်လို့သိရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က