ဗိုင်းရပ်စ်စိုးရိမ်မှုမြင့်တက်လာမှုတွေကြောင့် ဖျက်သိမ်းခဲ့တာပါ။
Pyae Phyo Thein

မတ်လကစတင်ကာ ရပ်နားထားခဲ့ရတာဖြစ်ပြီး ဒီလအတွင်းမှာ ပြန်လည်ကျငး်ပဖို့ စီစဉ်ထားပေမယ့် ဗိုင်းရပ်စ်ပြသနာရှိနေသေးတာကြောင့် အခုလိုဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းထားခဲ့တဲ့ AFC Cup 2020 ပြိုင်ပွဲကို ဆက်လက်ကျင်းပခြင်းမပြုလုပ်ဖို့အတွက် ဒီနေ့မှာပဲ အာရှဘောလုံးအဖွဲ့ချုပ်က အတည်ပြုသတင်းထုတ်ပြန်သွားခဲ့ပါတယ်။ မတ်လကစတင်ကာ ရပ်နားထားခဲ့ရတာဖြစ်ပြီး ဒီလအတွင်းမှာ ပြန်လည်ကျငး်ပဖို့ စီစဉ်ထားပေမယ့် ဗိုင်းရပ်စ်ပြသနာရှိနေသေးတာကြောင့် အခုလိုဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်တည်းမှာပဲ ကစားသွားဖို့အတွက် စီစဉ်ထားခဲ့တာဖြစ်ပြီးတော့ ပြန်လည်ကျင်းပဖို့ ကြိုတင်ပြင်ဆင်မှုတွေရှိခဲ့ပြီးမှ ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ AFC Cup ပြိုင်ပွဲအပြင် AFC Futsal Club Championship UAE 2020 ပြိုင်ပွဲကိုပါ ဖျက်သိမ်းခဲ့တယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ 

"ဘောလုံးနဲ့ဆက်နွယ်နေသူအားလုံးအတွက် ခက်ခဲတဲ့အချိန်ဖြစ်နေပါတယ်၊ ယေဘုယျအားဖြင့် အားကစားလောကအတွက် ခက်ခဲတဲ့အချိန်ပဲဖြစ်ပါတယ်၊ ကျွန်တော်တို့ AFC ရဲ့ ဘဏ္ဍာရေးအခြေအနေတွေကိုလည်း သေချာစေဖို့အတွက် သတိထားပြင်ဆင်နေပြီး အဖွဲ့ဝင်နိုင်ငံတွေအားလုံးအတွက်ပါ ထည့်သွင်းစဉ်းစားနေပါတယ်" လို့ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရှိတ်ဆယ်လ်မန်ဘင်အေဘရာဟမ်အယ်လ်ခိုင်လီဖာက ပြောဆိုခဲ့ပါတယ်။ 

အာရှချန်ပီယံလိဂ်ပြိုင်ပွဲကိုတော့ စက်တင်ဘာ ၁၄ ရက်နေ့မှာ ကျင်းပဖို့စီစဉ်ထားပြီး ကာတာနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဖျက်သိမ်းမယ့် ပြိုင်ပွဲတွေထဲမှာ အာရှချန်ပီယံလိဂ်မပါဝင်ဘဲ ပြန်လည်ကျင်းပသွားဖို့ကို ဦးစားပေးစီစဉ်ထားတာဖြစ်ပါတယ်။ AFC ရဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ ထိပ်တန်းအဆင့်ပြိုင်ပွဲကိုတော့ ဆက်လက်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး တံခါးပိတ်ကျင်းပသွားနိုင်တယ်လို့လည်း ဆိုခဲ့ပါတယ်။ 


Author


က္က