ဟံသာဝတီအသင်းကို နောက်ထပ် စမ်းသပ်မယ့်ပွဲက ရှမ်းယူနိုက်တက်နဲ့ပွဲဖြစ်ပါတယ်။
Kyaw Ko Ko Sint

ဟံသာဝတီအသင်းကတော့ ရန်ကုန်နဲ့ပွဲမှာ ၃-၁နဲ့ ခြေစွမ်းပြ ကစားကာ အနိုင်ယူနိုင်ခဲ့ပေမယ့် အသင်းငယ် နှစ်သင်းနဲ့ ဆက်ကစားချိန်မှာတော့ ပင်နယ်တီကြောင့်သာ အနိုင်ယူထားနိုင်တဲ့အ‌ပေါ် ဦးမျိုးမင်းထွန်းက သုံးသပ် ပြောခဲ့ခြင်းဖြစ်ပါတယ်။

ရန်ကုန်ကို ၃-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲကြောင့် ပွဲပန်းသွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ နည်းပြချုပ် ဦးမျိုးမင်း ထွန်းက ဆောက်သမ်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောသွားပါတယ်။

ရန်ကုန်အသင်းဟာ ကိုဗစ်ကြောင့် ရပ်နားထားရတဲ့ မြန်မာနေရှင်နယ်လိဂ် ပြန်လည်စတင်ချိန်မှာ ရန်ကုန်အသင်းနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ၃-၁နဲ့ အနိုင်ရခဲ့တာပါ။

အဲ့နောက် ကစားတဲ့ အား/ကာသိပ္ပံနဲ့ဆောက်သမ်းမြန်မာအသင်းတို့နဲ့ ပွဲတွေမှာ ၂ပွဲဆက် တစ်ဂိုးစီနဲ့သာ ကပ်အနိုင် ရခဲ့ပါတယ်။

အဆိုပါ သွင်းဂိုးတွေကလည်း ပင်နယ်တီကြောင့် ရတဲ့ဂိုးတွေဖြစ်ပြီး အမှတ်ပေးဇယားအောက်ဆုံးက နှစ်သင်းကို ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရတဲ့အပေါ် ဟံသာဝတီအသင်း ပွဲပန်းသွားတာလားဆိုတဲ့ မေးခွန်းကို နည်းပြချုပ် ဦးမျိုးမင်းထွန်းက အခုလို ပြောသွားပါတယ်။

“ကျွန်တော့်အသင်းမှာ ပွဲအဖြေ ပြောင်းနိုင်တဲ့ကစားသမားမျိုးမရှိပါဘူး။စည်းလုံးမှုနဲ့ကြိုးစားမှုနဲ့သာ ကစားနေတာ ဖြစ်လို့ တစ်ခါတလေမှာ ကစားမှုဟာ ကျကောင်းကျနိုင်ပါတယ်။ရန်ကုန်နဲ့ကစားလိုက်လို့ ကစားပုံ ကျသွားတယ် ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ဘာလို့လဲဆို ရန်ကုန်နဲ့က ပထမဆုံးပွဲပါ။အခုက ၃ပွဲမြောက်ပဲ ရှိပါသေးတယ်။ဒါ ကြောင့် ပွဲပန်းတယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။”လို့ ဦးမျိုးမင်းထွန်းက ဆိုပါတယ်။

ဟံသာဝတီအသင်းအနေနဲ့ မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ပြိုင်ပွဲမှာ ရမှတ် ၃၀နဲ့ အဆင့် ၁နေရာမှာ ဆက်လက်ဦး ဆောင်ထားနိုင်ဆဲ ဖြစ်ပြီး လာမယ့် အပတ်မှာတော့ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနဲ့ ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က