မနက်ဖြန်မှာ ကစားပါမယ်။
Kyaw Ko Ko Sint

ဘရူနိုင်းကလပ်အတွက် အေအက်ဖ်စီအဆင့်ပွဲကို ပထမဆုံး ကစားခွင့်ရလာတာ ဖြစ်သလို ရန်ကုန်အသင်းနဲ့ လည်းသမိုင်းတစ်လျှောက် ပထမဆုံး ရင်ဆိုင်မှာပါ။

AFC CUP ပြိုင်ပွဲ ဝင်ခွင့်အတွက် ကစားရမယ့် ရန်ကုန်အသင်းနဲ့ ခြေစစ်ပွဲက ဘရူနိုင်းဘောလုံးလောကအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာစေမှာလို့ အင်ဒီရာ အသင်းရဲ့ နည်းပြချုပ် အမီရာလာနီက ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်လို့ ရန်ကုန်အသင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဘရူနိုင်းကလပ်အသင်းအတွက် အခု အေအက်ဖ်စီပွဲက ပထမဆုံး ကစားခွင့်ရလာတာ ဖြစ်တာသလို ရန်ကုန်အသင်းနဲ့လည်း ပထမဆုံး ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

"ဒီပြိုင်ပွဲက ဘရူးနိုင်ဘောလုံးလောကအတွက် သမိုင်းသစ်တစ်ခုလည်းဖြစ်ပါတယ်။ အင်ဒရာအသင်းအတွက် ပထမဆုံး AFC Cup ဝင်ပြိုင်တာဖြစ်တဲ့အပြင် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ပထမဦးဆုံးတွေ့ဆုံတာဖြစ်ပါတယ်။ ဒါကြောင့်အသင်းအတွက် တစ်ရာရာခိုင်နှုန်းပြည့် ယှဉ်ပြိုင်ကစားနိုင်အောင်ပြင်ဆင်ထားပါတယ်။ အားကစား စိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ကစားသွားပါမယ်" လို့ အင်ဒီရာ အသင်း နည်းပြက ပြောသွားတယ်လို့ ရန်ကုန် အသင်းက ဖော်ပြလာပါတယ်။

ခြေစစ်ပွဲကို နှစ်ကျော့ ကစားရမှာြဖစ်ပြီး မနက်ဖြန်မှာ ဘရူနိုင်းက အိမ်ရှင်အဖြစ် အရင် လက်ခံ ကစားမှာ ဖြစ်ကာ လာမယ့် ၂၉ ရက်နေ့မှာတော့ ရန်ကုန်အသင်းက အိမ်ကွင်း ပြန်လည် လက်ခံ ကစားရမှာပါ။

အနိုင်ရတဲ့ အသင်းက AFC CUP 2020 ရဲ့ အုပ်စု အဆင့်ပွဲတွေကို ဝင်ရောက် ယှဥ်ပြိုင် ကစားခွင့်ရမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က