မနှစ်က ရန်ကုန်အသင်းကို ဖလားနှစ်လုံးရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။
Kyaw Ko Ko Sint

ရှမ်းယူနိုုက်တက်ကို အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့နောက် အခုလို နုတ်ထွက်ခဲ့တာ ဖြစ်ပေမယ့် ဆိုးရွားနေတဲ့ အသင်းရလဒ်ကြောင့် နှုတ်ထွက်တာ မဟုတ်ဘူးလို့ ဦးမျိုးမင်းထွန်းက DuwunSportsကို ပြောခဲ့ပါတယ်။

၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီမှာ ရန်ကုန်ယူနိုက်တက်အသင်းကို ဖလား ၂လုံး ရရှိအောင်စွမ်း ဆောင်ပေးခဲ့တဲ့ နည်းပြချုပ် ဦးမျိုးမင်းထွန်းကတော့ ဒီကနေ့မှာ အသင်းနည်းပြချုပ် ရာထူးကနေ တရားဝင် နှုတ်ထွက်သွားပြီလို့ ရန်ကုန်ယူနိုက်တက်အသင်း တရားဝင် လူမှုစာမျက်နှာထက်မှာ ဖော်ပြလာ ပါတယ်။



ဦးမျိုးမင်းထွန်း နှုတ်ထွက်သွားခဲ့တဲ့အပေါ် Duwun Sportsက ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ - “ အသင်းရ လဒ်ပိုင်းတွေနဲ့ မဆိုင်ပါဘူး၊ကျွန်တော် စိတ်ဖိစီးမှု အရမ်းများလာတဲ့အတွက် ကိုယ့်ကိုယ်ကို အနားပေးချင်လို့ နှုတ်ထွက်ခဲ့တာပါ ဒီကြားထဲမှာ အခြားအသင်းတွေက ကမ်းလှမ်းမှု ရှိလာခဲ့ရင်တော့ စဉ်းစား ဆောင်ရွက်သွားမှာပါ။ ကျွန်တော့်အနေနဲ့ကတော့ အသင်းဥက္ကဌ၊တာဝန်ရှိသူတွေ၊ကစားသမားတွေနဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။

ဦးမျိုးမင်းထွန်းဟာ ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားသမားဘဝကစတင်ပါဝင်ပတ်သက်ခဲ့ပြီး ကစားသမား ဘဝက အနားယူပြီးနောက်မှာလည်း လက်ထောက်နည်းပြအဖြစ် အသင်းမှာ ဆက်လက်တာဝန်ယူခဲ့သူပါ။

အဲ့နောက် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီက စတင်ပြီး နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး ၂ နှစ်ကြာပြီးနောက်မှာ နည်းပြရာထူးကနေနှုတ်ထွက်ခဲ့တာပါ။

ရန်ကုန်အသင်းနဲ့အတူ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဖလားတစ်ကြိမ်၊ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖ လားတစ်ကြိမ်နဲ့ ချာရတီဖလား တစ်ကြိမ်တို့ကို ဆွတ်ခူးထားနိုင်ခဲ့သူပါ။

အာရှအဆင့်မှာဆိုရင်လည်း ၂၀၁၈ ခုနှစ်က ရန်ကုန်အသင်းကို AFC CUP အာဆီယံဇုန် ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့သူပါ။

လက်ရှိမှာတော့ ရန်ကုန်အသင်းက လစ်လပ်သွားတဲ့ နည်းပြချုပ်နေရာကို အသင်းရဲ့ လက်ထောက်နည်းပြ ဦးတင်မောင်ထွန်းအား အစားထိုး ခန့်အပ်ထားတယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီနှစ် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီမှာ ရာသီဝက် ကစားပြီးချိန် အထိ ရမှတ် ၂၀ ရရှိထားပြီး အဆင့် ၁ က ရှမ်းယူနိုက်တက်အသင်းထက် ၁ မှတ်သာလျော့နည်းနေတာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က