နန္ဒကျော်က အသင်းအတွက် ၂ပွဲဆက် ဂိုးသွင်းခဲ့တာပါ။
Pyae Phyo Thein

ရှမ်းယူနိုက်တက်ကတော့ နှစ်ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့လို့ ရန်ကုန်နဲ့ ရမှတ်တူညီသွားခဲ့ပြီး ဂိုးကွာခြားချက်ကြောင့် အဆင့် ၄နေရာမှာသာ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။


YUSC မှာ ကစားခဲ့တဲ့ ရှမ်းယူနိုက်တက် နဲ့ ရခိုင်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာတော့ ရှမ်းယူနိုက်တက်အသင်းဟာ နန္ဒကျော်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါဟာ ပြန်လည်ကစားခဲ့တဲ့ နေရှင်နယ်လိဂ်ပွဲစဉ်နှစ်ပွဲမှာ နန္ဒကျော်က အသင်းအတွက် နှစ်ပွဲဆက်တိုက်ဂိုးသွင်းပြီးတော့ အနိုင် ၆ မှတ်ကို ရယူပေးခဲဲ့တာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဆောက်သမ်းအသင်းနဲ့ပွဲစဉ်မှာလည်း နန္ဒကျော်က ပွဲချိန် ၈၁ မိနစ်မှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒီနေ့ပွဲမှာတော့ ပွဲကစားချိန် ၁၉ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အနေနဲ့ ကစားပုံမကောင်းမွန်ပေမယ့်လည်း အနိုင်ဂိုးကို ထိန်းကစားနိုင်ခဲ့ပြီး လိုအပ်တဲ့ ရမှတ်ကိုတော့ ရယူနိုင်ခဲ့ပါတယ်။ 

ဒီပွဲစဉ်ကတော့ ပျင်းရိစရာကောင်းခဲ့ပြီး နှစ်သင်းစလုံးရဲ့ ကစားပုံက စွဲမက်စရာမရှိခဲ့ဘဲ ကစားဟန်ကရိုးစင်းလွန်းခဲ့ပါတယ်။ ကစားသမားတွေဆီက ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကိုရရှိဖို့ နှစ်ဖက်အသင်းနည်းပြတွေ ကြိုးစားရဦးမှာဖြစ်ပါတယ်။ ကစားသမားအင်အားပိုမိုကောင်းမွန်တဲ့ ရှမ်းယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိခဲ့ပြီး ရခိုင်ကို ဂိုးစောစောသွင်းနိုင်ခဲ့တာကလွဲရင် တခြားပြောစရာသိပ်မရှိခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။ 


ရှမ်းယူနိုက်တက်ကတော့ နှစ်ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့လို့ ရန်ကုန်နဲ့ ရမှတ်တူညီသွားခဲ့ပြီး ဂိုးကွာခြားချက်ကြောင့် အဆင့် ၄နေရာမှာသာ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ ရခိုင်ကတော့ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၅ နေရာမှာ ဆက်လက်ရှိနေခဲ့ပါတယ်။ အခြားသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ စစ်ကိုင်း နဲ့ ဧရာဝတီတို့ရဲ့ ပွဲမှာတော့ ဧရာဝတီက ၆-၁နဲ့ အနိုင်ရရှိခဲ့ပြီး ဦးမျိုးလှိုင်ဝင်းရဲ့အသင်းဟာ ချန်ပီယံဆုအတွက် ဟံသာဝတီကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။ 


Author


က္က