မကွေးနဲ့ပွဲမှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့တာပါ။
Pyae Phyo Thein

သူ့အနေနဲ့ အသင်းရဲ့အကောင်းဆုံးကစားသမားတွေအဖြစ် ၃ဦးအထိ ရွေးချယ်ခဲ့ပြီး ရန်နိုင်ဦးက အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ ယုံကြည်ကြောင်းလည်း ဦးတင်မောင်ထွန်းက ပြောဆိုခဲ့ပါတယ်။


မကွေးအသင်းကို ၆ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးကစားသမားက ကွင်းလယ်လူရန်နိုင်ဥိးဖြစ်တယ်လို့ အသင်းနည်းပြချုပ်ဦးတင်မောင်ထွန်းက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ ရာသီဝက်ကာလမှာ ရန်ကုန်ယူနိုက်တက်ကို ရောက်ရှိခဲ့တဲ့ ရန်နိုင်ဦးဟာ အသင်းအတွက် ပွဲဦးထွက်ကစားပေးခဲ့တာလည်းဖြစ်ပါတယ်။

ရန်နိုင်ဦးကို နည်းပြချုပ်ဦးတင်မောင်ထွန်းက ပွဲချိန်ပြည့်အသုံးပြုသွားခဲ့ပြီး အသငး်သစ်မှာ အလျင်အမြန်ပဲ အထိုင်ကျခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ သူ့အနေနနဲ့ အသင်းရဲ့အကောင်းဆုံးကစားသမားတွေအဖြစ် ၃ဦးအထိ ရွေးချယ်ခဲ့ပြီး ရန်နိုင်ဦးက အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ ယုံကြည်ကြောင်းလည်း ဦးတင်မောင်ထွန်းက ပြောဆိုခဲ့ပါတယ်။

"သူက အသင်းသစ်နဲ့ အခုမှစကစားရတာပေါ့၊ ဒါပေမယ့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းဖော်တွေက ရန်ကုန်မှာရှိနေတော့ သူ့အတွက် အလွယ်တကူပဲချိတ်ဆက်ကစားနိုင်ခဲ့ပါတယ်၊ ဒီနေ့ပွဲမှာဆိုရင်လည်း သူ ကွင်းလယ်ပိုင်းမှာ နေရာစုံလိုက်ကစားပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်၊ အသင်းနဲ့လေ့ကျင့်ချိန်နည်းပါးပေမယ့် ကိုဗစ်ကြောင့် နားခဲ့ရတဲ့ကာလမှာ ကျွန်တော်တို့က ကစားသမားတွေကို ကိုယ်ပိုင်လေ့ကျင့်မှုတွေလုပ်စေခဲ့လို့ ကြံ့ခိုင်မှုပိုင်းလည်း အားရဖို့ကောင်းခဲ့ပါတယ်" လို့ ဦးတင်မောင်ထွန်းက ပြောဆိုခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားထိပ်ဆုံးက ဟံသာဝတီယူနိုက်တက်နဲ့ ကစားရမှာဖြစ်ပါတယ်။ ရန်နိုုင်ဦးက အသင်းရဲ့အဓိကကစားသမားဖြစ်လာမလားဆိုတဲ့ မေးခွန်းကိုလည်း ဦးတင်မောင်ထွန်းက "ဟံသာဝတီနဲ့ပွဲမှာလည်း သူက အရေးပါတဲ့ကစားသမားအဖြစ် ပါဝင်လာမှာပါ" လို့ ဖြေဆိုခဲ့ပြီး အသင်းအတွက် အားထားရမယ့်သူအဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

လက်ရွေးစင်ကစားသမားတစ်ဦးလည်းဖြစ်တဲ့ ရန်နိုင်ဦးဟာ ရန်ကုန်ယူနိုက်တက်အသင်းကွင်းလယ်ပိုင်းကို အဓိကထိန်းကျောင်းကစားပေးခဲ့တာကို မကွေးနဲ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ အသင်းသစ်နဲ့ ပထမဆုံးပွဲဖြစ်ခဲ့ပေမယ့်လည်း စိတ်ကျေနပ်စရာခြေစွမ်းကောင်းကို ပြသနိုင်ခဲ့လို့လည်း နည်းပြဖြစ်သူရဲ့ သဘောကျမှုကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က