အူရောင်ငန်းဖျားဖြစ်နေလို့ အသင်းနဲ့အတူ ပူးပေါင်းနိုင်ခြင်း မရှိဘူးလို့သိရပါတယ်။
Kyaw Ko Ko Sint

နန်းဝေမင်းကတော့ ဟံသာဝတီရဲ့ အဓိက ညာနောက်ခံလူဖြစ်ပြီး သူမပါဝင်နိုင်တော့ချိန်မှာတော့ ထူးနေအောင် နှင့်အောင်သူရဇော်စတဲ့ ကစားသမားတွေကို နည်းပြ ဦးမျိုးမင်းထွန်းက လဲလှယ် အသုံးပြုနေတာ တွေ့ရပါတယ်။

ဟံသာဝတီအသင်းရဲ့ ညာနောက်ခံလူ နန်းဝေမင်းဟာ အူရောင်ငန်းဖျားဝေဒနာ ခံစားနေရတာကြောင့် အသင်းရဲ့ နောက်ပိုင်း ပွဲစဥ်အချို့ကို လွဲချော်ထားရပါတယ်။

လက်ရှိမှာလည်း လိဂ်က ပြီးဆုံးဖို့ ၃ပွဲသာ ကစားဖို့ ကျန်နေတော့တဲ့အချိန်မှာ အသင်းနဲ့ အချိန်အကြာကြီး အဆက် ပြတ်သွားတဲ့ ကစားသမားကို မေ့လိုက်ပြီလို့ ဟံသာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြော ပါတယ်။

“နန်းဝေမင်းရဲ့ ကြံ့ခိုင်ရေးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို တာဝန်ရှိလူကြီးတွေနဲ့ အသင်းတာဝန်ရှိသူ တွေစည်းဝေးဆုံးဖြတ်ပြီးရင် ထုတ်ပြန်ပေးဖို့ရှိပါတယ်။လောလောဆယ်တော့ နန်းဝေမင်းက အူရောင်ငန်းဖျား ဖြစ် နေပါတယ်။ဒီအချိန်မှာတော့ ဒီကစားသမားတစ်ယောက်ကို ကျွန်တော့်အနေနဲ့ မေ့လိုက်ပါပြီ။အကြောင်းကတော့ ၃ရက်တစ်ပွဲကန်နေရချိန်မှာ အသင်းနဲ့ အဆက်ပြတ်သွားတဲ့ ကစားသမားဟာ ဘယ်လိုမှ ကြံ့ခိုင်မှု ပြန်ရဖို့ မဖြစ်နိုင် တော့ပါဘူး။ဒါကြောင့် နန်းဝေမင်းနေရာမှာ အခြားကစားသမားတစ်ဦးကို အစားထိုး စဥ်းစားပါမယ်။သူ့ကိုတော့ ရာသီကုန်ထိ မေ့လိုက်ပါပြီ။”လို့ ဦးမျိုးမင်းထွန်းက ရန်ကုန်နဲ့ သရေကျခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

နန်းဝေမင်းကတော့ဟံသာဝတီအသင်းရဲ့ အဓိက ညာနောက်ခံလူ တစ်ဦးဖြစ်ပေမယ့်လည်း  ရှမ်းကို ၄-၂ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ဟံသာဝတီအတွက် နောက်ဆုံးပါဝင်ကစားပေးနိုင်ခဲ့ပြီး အဲ့ဒီနောက် ကစားခဲ့တဲ့ စစ်ကိုင်း၊ ရခိုင်၊ရန်ကုန်ပွဲတွေမှာ ပါဝင်လာနိုင်ခြင်း မရှိတော့တာပါ။

သူ့နေရာမှာတော့ နည်းပြချုပ် ဦးမျိုးမင်းထွန်းက ထူးနေအောင်၊အောင်သူရဇော် အစရှိတဲ့ အခြား ညာနောက်ခံလူ တွေကို အသုံးပြု ယှဥ်ပြိုင်နေပါတယ်။

ဟံသာဝတီအသင်းအနေနဲ့ လက်ရှိ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ လက်ကျန် ၃ပွဲသာ ကျန်တော့ချိန် ဧရာဝတီအ သင်းနဲ့အပြိုင် ချန်ပီယံဆုအတွက် ရေပန်းစားနေပြီး ပထမဆုံး လိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်မလားဆိုတာက လည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။


Author


က္က