နိုဝင်ဘာ ၇ ရက်နေ့ မန္တလေးမှာကစားပါမယ်။

နီပေါအသင်းနဲ့ပွဲစဉ်ကို အသစ်ခန့်အပ်လိုက်တဲ့ ဂျာမနီလူမျိုး အန်တိုနီဟေးက တာဝန်ယူကိုင်တွယ်သွားဖွယ် ရှိနေပါတယ်။

လမ်းခွဲလိုက်ပြီဖြစ်တဲ့ နည်းပြချုပ်ရာဂျူလိုဗစ်ဟာ မြန်မာအသင်းကို နီပေါအသင်းနဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားခဲ့ တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်က ပြောပါတယ်။



ခြေစမ်းပွဲကို လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာအသင်းက နီပေါအသင်းကို မန္တလေးမြို့မှာလက်ခံ ကစားသွားမယ်လို့ သိရပါတယ်။



“နည်းပြကြီး ရာဂျူလိုဗစ် စီစဉ်ထားခဲ့တာပါ။ ဒီပွဲကို လက်ရှိ အသစ်ခန့်အပ်မယ်လို့ အတည်ပြုထားတဲ့ နည်းပြ အန်တိုနီဟေးကို ပြောပြတော့လည်း လက်ခံပါတယ်။ဒါကြောင့် မန္တလေးမှာ ကျင်းပသွားမှာ ဖြစ်ပြီး ဝင်ကြေး အခမဲ့သတ်မှတ်ထားပါတယ်။” လို့ ဦးတင်မြင့်အောင်က ပြောပါတယ်။

ခြေစမ်းပွဲကို လေ့ကျင့်ရေးခြေစမ်းပွဲအဖြစ် သာ ကစားသွားမှာ ဖြစ်တဲ့အတွက် ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြ သသွားမှာ မဟုတ်ဘူးလို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ခြေစမ်းပွဲပြီးရင်တော့ လာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ တာဂျစ်ကစ္စတန်အသင်း၊နိုဝင်ဘာ ၁၉ ရက်နေ့မှာ မွန်ဂိုလီးယားအသင်းတို့နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားသွားမှာပါ။

ဒီပွဲစဉ်တွေကိုတော့ မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး မြန်မာအသင်းကတော့ လက်ရှိမှာ ခြေစစ်ပွဲ ၃ ပွဲကစား ၃ ပွဲစလုံး အရေးနိမ့်ထားပါတယ်။



က္က