loading...

loading...

loading...

နောက်တဆင့်အတွက် အခြေအနေကောင်းကို ရယူနိုင်ခဲ့ပါတယ်။
Pyae Phyo Thein

ရန်ကုန်တို့ အဆိုပါတစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုတွင်း ၃ပွဲကစားအပြီး ရမှတ် ၇ မှတ်နဲ့ နောက်တဆင့်အတွက် အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ 


အေအက်ဖ်စီဖလားအုပ်စုအဆင့် တတိယမြောက်ပွဲစဉ်အဖြစ် ဒီနေ့ညနေက ရန်ကုန်ယူနိုက်တက် နဲ့ ဟောင်ဂန်ယူနိုက်တက်တို့ကစားခဲ့ကြပါတယ်။ ရန်ကုန်ယူနိုက်တက်ကတော့ အိမ်ကွင်းမှာ နိုင်ပွဲရဖို့ ရုန်းကန်သွားခဲ့ရပြီး အဆုံးသတ်ပိုင်းမသေချာခဲ့တဲ့ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းပြသနာကို ဖြေရှင်းရတော့မှာလည်းဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်ဟာ ပထမပိုင်းမှာကတည်းက ပြိုင်ဘက်ကို ဆက်တိုက်ဖိအားပေးကစားနေခဲ့ပြီး အပိုင်အခွင့်အရေးတွေ အကြိမ်ကြိမ်ရရှိခဲ့ပါတယ်။ အနီးကပ်ပိတ်သွင်းယူရတဲ့ အခွင့်အရေးတွေကို အီမန်နူရယ်၊ ဘာဖို၊ အောင်ကျော်နိုင်တို့ အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပြီး ပြိုင်ဘက်ခံစစ်ပိုင်းက ရန်ကုန်တိုက်စစ်ကို တော်တော်လေးသတိထားကာကွယ်နေခဲ့ရပါတယ်။

ဟောင်ဂန်အသင်းက တိုက်စစ်ဆင်ကစားခြင်းလုံးဝမရှိသလောက်ဖြစ်ခဲ့ရပြီး ရန်ကုန်က ဂိုးပေါက်ကန်သွင်းမှုအများအပြားပြုလုပ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး ဟောင်ဂန်က ဂိုးကန်သွင်းခွင့်လုံးဝမရှိခဲ့ဘဲ ရန်ကုန်ကတစ်ဖက်သတ်ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့လို့ သရေနဲ့သာပြီးဆုံးခဲ့ရပါတယ်။ 

ဒုတိယပိုင်းမှာလည်း ရန်ကုန်က အနိုင်ဂိုးရဖို့ တိုက်စစ်ကိုအားထည့်ကစားခဲ့ပြီး ဆက်ဖိအားပေးခဲ့ပါတယ်။ ဟောင်ဂန်ကတော့ ခံစစ်ကိုပဲ သတိကြီးကြီးထားကစားနေခဲ့ပြီး ရန်ကုန်က ဘောလုံးပိုင်ဆို်င်မှုရော၊ ဂိုးကန်သွင်းခွင့်တွေမှာပါ သိသိသာသာအသာစီးရရှိနေခဲ့ပါတယ်။ ဒါပေမယ့် အပိုင်အခွင့်အရေးတွေ မဖန်တီးနိုုင်သလို ရရှိတဲ့အခွင့်အရေးတွေကလည်း လွဲချော်ခဲ့လို့ ရန်ကုန်တို့ရုန်းကန်နေခဲ့ရပါတယ်။ 

ပွဲချိန် ၈၁ မိနစ်မှာတော့ ရန်ကုန်ယူနိုက်တက်တို့ အနိုင်ဂိုးရရှိခဲ့ပြီး မောင်မောင်လွင်ရဲ့ ဖန်တီးပေးမှုကနေ လူစားဝင်တိုက်စစ်မှူးသန်းပိုင်က အပိုင်ကန်သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးက ရန်ကုန်အတွက် အသက်ရှူချောင်စေခဲ့ကာ လက်ကျန်မိနစ်တွေကို စိတ်အေးအေးထားကစားနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ရန်ကုန်တို့ အဆိုပါတစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုတွင်း ၃ပွဲကစားအပြီး ရမှတ် ၇ မှတ်နဲ့ နောက်တဆင့်အတွက် အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ 


loading...

က္က