ဇွန်လ ၂၄ မှာ ထွက်ခွာပါမယ်။

၂၀၂၀ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် လိုအပ်နေတဲ့ ရမှတ်တွေကို လိုက်လံ စုဆောင်းနေတာ ဖြစ်ပါတယ်။

မော်ရစ်သျှနိုင်ငံကကျင်းပခဲ့တဲ့ FLEET Mauritius International 2019 Woman Single ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာကတော့ အာဖရိကနိုင်ငံ တွေဖြစ်တဲ့ ဘီနင်နဲ့အိုင်ဗရီကို့စ်တို့မှာ ကျင်းပမယ့် ပြိုုင်ပွဲတွေကို ဆက်လက်ဝင်ပြိုင်သွားဦးမယ်လို့ DuwunSportsကို ပြောခဲ့ပါတယ်။

“ ညီမ အခု လာမယ့် ၂၄ ရက်နေ့မှာ ဘီနင်နဲ့ အိုင်ဗရီကို့စ်ကို ဆက်လက်ထွက်ခွာပါမယ်။အဲ့ဒီမှာ ပြိုင်ပွဲ ၂ ခုကို တဆက်တည်း ဝင်ပြိုင်ဖို့ ရှိပါသေးတယ်။ဒါကြောင့် လေ့ကျင့်မှုတွေကိုတော့ ဆက်တိုက်လုပ်ဆောင်နေပါတယ်။” လို့ ပြောခဲ့တာပါ။

သက်ထားသူဇာအနေနဲ့ အခုလို စီးရီး ပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်နေရတာကတော့ လာမယ့် ၂၀၂၀အိုလံ ပစ်ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုယ်စားပြုပြီး ကြက်တောင် အားကစားကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့လို့ သိရပါတယ်။

“ ဒီပြိုင်ပွဲတွေက ရလာတဲ့ အမှတ်တွေက Ranking ကို မြင့်စေပါတယ်။အခု ညီမရဲ့ အဆင့်က ၁၂၆ မှာရှိနေ တယ် မော်ရစ်သျှမှာ ချန်ပီယံဖြစ်လိုု့ အနည်းငယ်တော့ မြင့်တက်လာမှာပါ။ အိုလံပစ်ကို ဝင်ချင်ရင် ကိုယ့်အဆင့် ကအနည်းဆုံး ၁၀၀ အတွင်း ဝင်ထားဖို့တော့လိုပါမယ်။ဒါကြောင့် ညီမ အမှတ်တွေ ထပ်မံ စုဆောင်းဖိုု့ လိုပါသေး တယ်။” လို့သက်ထားသူဇာက ဆက်လက်ရှင်းပြပါတယ်။

အိုလံပစ်ပြိုင်ပွဲအတွက် အမှတ်စုဆောင်းနိုင်မယ့်အချိန်ကတော့ လာမယ့် ၂၀၂၀ သြဂုတ်လအထိလို့သိရပြီး ဒီအတောအတွင်းမှာ သက်ထားသူဇာအနေနဲ့ ကမ္ဘာ့အဆင့် ၁၀၀ အတွင်း ဝင်ရောက်နိုင်ရေးအတွက် အမှတ်တွေ ဆက်တိုက် ရှာဖွေနေရမှာပါ။

လက်ရှိမှာတော့ သက်ထားသူဇာအနေနဲ့ အီဂျစ်၊ကင်ညာနဲ့ မော်ရစ်သျှ နိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေ ရယူထားနိုင်ပါတယ်။

လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ ဘီနင်ကို ဆက်လက်ထွက်ခွာမယ့် သက်ထားသူဇာကတော့ ဘီနင်ပွဲနဲ့ အိုင်ဗရီ ကို့စ် ၂ ပွဲပြီးရင် ဒိန်းမတ်နိုင်ငံမှာ ၂ လကြာ ဆက်လက်နေထိုင်ပြီးလေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့လည်း သိရ ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က