နောက်နှစ် ဧပြီလ ၁၁ ရက်ကန့့ မေလ ၈ ရက်နေ့အထိ ကျင်းပသွားမှာပါ။
Pyae Phyo Thein

ဒေသတွင်းဘောလုံးအဖွဲ့ချုပ်တွေနဲ့ အခြားသော ဆက်စပ်အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်ကို ရယူပြီးနောက် ကျင်းပသွားမယ့် နေ့ရက်တွေကိုပါ အတိအကျထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။


ဒီနှစ်အတွင်းမှာ ကျင်းပသွားဖို့ရှိနေခဲ့ပြီးမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့တဲ့ AFF ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ကေ န မေလ ၈ ရက်နေ့အထိ ကျင်းပသွားမယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်က မနေ့က အတည်ပြုကြေညာသွားခဲ့ပြီး လာမယ့်နှစ်မှာ သေချာပေါက်ကစားသွားဖို့ ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။

အာဆီယံဘောလုံးအဖွဲ့ချုပ်ဟာ ဒီပြိုင်ပွဲကို ချန်ပီယံရှစ်ပြိုင်ပွဲပုံစံအတိုင်း ပြည့်ပြည့်စုံစုံနဲ့ ကျင်းပသွားဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒီအတွက်ကြောင့် အုပ်စုအဆင့်က တက်ရောက်နိုင်ခဲဲ့တဲ့ အသင်းတွေဟာ အိမ်ကွင်း/အဝေးကွင်း စနစ်နဲ့ ကစားသွားရမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကျင်းပမှုအတိုင်း ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ 

ဒေသတွင်းဘောလုံးအဖွဲ့ချုပ်တွေနဲ့ အခြားသော ဆက်စပ်အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်ကို ရယူပြီးနောက် ကျင်းပသွားမယ့် နေ့ရက်တွေကိုပါ အတိအကျထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားများ၊ နည်းပြများ၊ မိတ်ဖက်အဖွဲ့အစည်း၊ ပရိသတ်တွေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လုံခြုံရေးအနေအထားတွေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့လည်း သိရပါတယ်။

"ကူးစက်ကပ်ရောဂါတိုက်ဖျက်ရေးက မပြီးဆုံးသေးဘူးဆိုတာကို သိထားပေမယ့် လာမယ့်နှစ်ကျင်းပမယ့် အာဆီယံရဲ့အကောင်းဆုံးပြိုင်ပွဲကို ပြိုင်ပွဲပုံစံအပြည့်အဝနဲ့ ကျင်းပသွားဖို့ ကျွန်တော်တို့တွေ မျှော်လင့်ထားပါတယ်၊ AFF နဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ မိမိတို့ရဲ့ ပရိသတ်၊ တာဝန်ရှိသူများ၊ နည်းပြများ၊ မီဒီယားတွေနဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေရဲ့ ဒီခက်ခဲတဲ့ကာလအတွင်း အားပေးထောက်ခံခဲ့မှုတွေကို ကျေးဇူးတင်ပါတယ်" လို့ AFF ဥက္ကဌ Major General Khiev Sameth က AFF ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ပြောဆိုခဲ့ပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲမှာတော့ ထိုုင်းအသင်းက အအောင်မြင်ဆုံအသင်းအဖြစ် ငါးကြိမ်ဗိုလ်စွဲခဲ့ကာ ရပ်တည်နေခဲ့ပါတယ်။ လက်ရှိချန်ပီယံအဖြစ်နဲ့တော့ ဗီယက်နမ်က ပြီးခဲ့တဲ့ပြိုင်ပွဲမှာ မလေးရှားကို အနိုင်ယူပြီးရှိနေခဲ့ကာ ချန်ပီယံဖလားကို ကာကွယ်ရမှာဖြစ်ပါတယ်။ 


Author


က္က