ရှမ်းနဲ့ ဧရာဝတီတို့က ပိုပြီးအခြေအနေကောင်းသွားခဲ့ပါပြီ။
Pyae Phyo Thein

လက်ကျန်နှစ်ပွဲအလိုထိ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမယ့် ရှုံးပွဲကြုံခဲ့ရလို့ ပြိုင်ဘက်အသင်းတွေခြေချော်မှာကိုသာ စောင့်ရတော့မှာဖြစ်ပြီး ဆုဖလားဆွတ်ခူးဖို့အတွက် လက်ကျန်ပွဲစဉ်အနေအထားအရ ရှမ်းယူနိုက်တက်က အခွင့်အရေးအကောင်းဆုံးဖြစ်နေပြီလို့ ဆိုရတော့မှာပါ။ 


ဒီနေ့ညနေပိုင်းက ကစားခဲ့တဲ့ ဟံသာဝတီနဲ့ မကွေးတို့ရဲ့ပွဲမှာတော့ ထင်မှတ်မထားတဲ့ရလဒ်ထွက်ခဲ့ပြီး ဟံသာဝတီတို့ ၄-၂ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ လက်ကျန်ပွဲစဉ် ၂ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ အခုလိုအရေးနိမ့်ခဲ့လိုံ ဟံသာဝတီအတွက် စိုးရိမ်စရာကောင်းသွားခဲ့ပြီဖြစ်ကာ ဧရာဝတီ နဲ့ ရှမ်းယူနိုက်တက််တို့အတွက်တော့ မျှော်လင့်ချက်တွေ ပိုကောင်းသွားခဲ့ပါတယ်။


လက်ရှိမှာ ဟံသာဝတီက ဧရာဝတီနဲ့ ရှမ်းတို့ မကစားရသေးခင်မှာ တစ်မှတ်အသာရထားပြီး ဦးဆောင်နေဆဲဖြစ်ပေမယ့် မနက်ဖြန်မှာ ကစားကြမယ့် ပွဲတွေမှာ ဧရာဝတီက ရန်ကုန်ယူနိုက်တက်၊ ရှမ်းက ဆောက်သမ်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် ဟံသာဝတီအနေနဲ့ အဆင့် ၃ နေရာအထိကို ရောက်ရှိသွားမှာဖြစ်ပါတယ်။


လက်ကျန်ပွဲစဉ်တွေအရ ဟံသာဝတီက ဧရာဝတီနဲ့ နောက်ဆုံးပွဲကို ကစားရမှာဖြစ်ပြီး ရှမ်းယူနိုက်တက်ကတော့ ရတနာပုံနဲ့ ကစားသွားရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ချန်ပီယံအဖြစ် ဘယ်အသင်းဖြစ်လာမလဲဆိုတာက တော်တော်လေးကို စိတ်လှုပ်ရှားဖို့ကောင်းနေပြီဖြစ်ကာ ပြန်လည်စတင်ချိန်မှာ ပွဲတိုင်းနိုင်ပွဲရရှိခဲဲ့တဲ့ ရှမ်းယူနိုက်တက်က မထင်မှတ်ပဲ ချန်ပီယံဆုဖလားအတွက် တော်တော်လေးအခြေအနေကောင်းလာတာကို တွေ့ရမှာလည်းဖြစ်ပါတယ်။


ဧရာဝတီက ရန်ကုန်၊ ဟံသာဝတီတို့နဲ့ ပွဲကျပ်တွေကစားရမှာဖြစ်ပြီး ရှမ်းကတော့ ဆောက်သမ်း၊ ရတနာပုံတို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ တကယ်လို့သား ဧရာဝတီက ရန်ကုန်ကိုအရေးနိမ့်ပြီး ရှမ်းယူနိုက်တက်က ဆောက်သမ်းကို အနိုင်ရမယ်ဆိုရင် ရှမ်းအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရမှာဖြစ်ပါတယ်။ ဧရာဝတီအနေနဲ့ လက်ကျန်နှစ်ပွဲလုံးကို အနိုင်ရခဲ့မယ်ဆိုရင် ဖလားဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။


ရှမ်းကလည်း ၂ပွဲစလုံးကို အနိုင်ရရှိခဲ့မယ်၊ ဧရာဝတီကလည်း ခြေချော်ခဲ့မယ်ဆိုရင် ဆုဖလားကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဟံသာဝတီကတော့ လက်ကျန်နှစ်ပွဲအလိုထိ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမယ့် ရှုံးပွဲကြုံခဲ့ရလို့ ပြိုင်ဘက်အသင်းတွေခြေချော်မှာကိုသာ စောင့်ရတော့မှာဖြစ်ပြီး ဆုဖလားဆွတ်ခူးဖို့အတွက် လက်ကျန်ပွဲစဉ်အနေအထားအရ ရှမ်းယူနိုက်တက်က အခွင့်အရေးအကောင်းဆုံးဖြစ်နေပြီလို့ ဆိုရတော့မှာပါ။ 


Author


က္က