ဆောက်သမ်းမြန်မာအသင်းကို ဦးဆောင်ဂိုးအရင်ခွင့်ပြုလိုက်ရပြီးမှ နောက်မှလိုက်သွင်းကာ ၂-၁ဂိုးနဲ့ အနိုင်ရရှိခဲ့ တာပါ။

ဓာတ်ပုံ - ရှမ်းယူနိုက်တက်

လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကတော့ ဆောက်သမ်းမြန်မာအသင်းကို ၂-၁ဂိုးနဲ့ အနိုင်ရရှိပြီး အမှတ်ပေး ဇယား အဆင့် ၁နေရာကို ရယူနိုင်ခဲ့ပါတယ်။



ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဟံသာဝတီနဲ့ဒုတိယနေရာက ဧရာဝတီတို့ ရှုံးပွဲကြုံတွေ့ချိန်မှာ အခွင့်အရေးကို အ ကောင်းဆုံး အသုံးချနိုင်ခဲ့တဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကတော့ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အခွင့်အရေးကောင်း လက်ဝယ် ပိုင်ဆိုင်သွားပါပြီ။

မူလက ချန်ပီယံဖြစ်ဖို့ ဟံသာဝတီနဲ့ဧရာဝတီအသင်းတို့ဟာ ကိုယ်ပိုင် ဖန်တီးခွင့်ရထားကြပေမယ့်လည်း ဟံသာဝတီက မကွေးကို ၄-၂ဂိုးး၊ ဧရာဝတီကလည်း ရန်ကုန်အသင်းကို ၄-၂ဂိုးတို့နဲ့ ကိုယ်စီ ရှုံးလိုက်တာက သူတို့ ၂သင်းစလုံးရဲ့ အခွင့်အရေးကောင်းတွေ ဆုံးရှုံးစေခဲ့တာပါ။

၂၀၂၀ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဥ်ကို စက်တင်ဘာ ၃၀နဲ့အောက်တိုဘာ ၁ရက်နေ့တွေမှာ ဆက်လက် ကစားမှာ ဖြစ်ပြီး ဟံသာဝတီအသင်းနဲ့ ဧရာဝတီအသင်းတို့ ထိပ်တိုက်တွေ့နေပြီး ရှမ်းယူနိုက်တက်အသင်းကတော့ ရတနာပုံအသင်းနဲ့ ရင်ဆိုင်ရမှာပါ။

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ လက်ရှိမှာ အမှတ်ပေးဇယားကို ၄၁မှတ်နဲ့ ဦးဆောင်နေတယ်ဆိုပေမယ့် ဒုတိယ နေရာက ဟံသာဝတီနဲ့ ၁မှတ်၊တတိယနေရာက ဧရာဝတီနဲ့ ၂မှတ်သာ ကွာဟနေလို့ ရတနာပုံအသင်းကို သရေ (သို့)အရေးနိမ့်ခဲ့မယ်ဆိုရင်တော့ ဟံသာဝတီအသင်း(သို့)ဧရာဝတီအတွက် အခွင့်အရေး ပြန်ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ရှမ်းအသင်းအနေနဲ့ အခွင့်အရေးကို အကောင်းဆုံး ဆုပ်ကိုင်ပြီး ပထမဆုံးအကြိမ် နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်ချင်တယ်ဆိုရင် ရတနာပုံကို အနိုင်ကစားဖို့ လိုနေပါတယ်။

Share

Loading Next Article...
က္က