ဒီနေ့ကစားခဲ့တဲ့ ISPE နဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး နှုတ်ဆက်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

ဒီနေ့ကစားခဲ့တဲ့ ISPE နဲ့ ရန်ကုန်ယူနိုက်တက်တို့ရဲ့ပွဲစဉ်မှာ ရန်အောင်ကျော်ပါဝင်ကစားခဲ့ပြီး သူ့အတွက်တော့ အမှတ်တရ၊ အထိမ်းအမှတ်ပွဲလည်းဖြစ်လာခဲ့ပါတယ်။


ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ၀ါရင့်ကွင်းလယ်လူရန်အောင်ကျော်ဟာ ကစားသမားဘဝကနေ ဒီနေ့မှာပဲ တရားဝင်အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းလည်းဖြစ်ပြီး ၂၀၁၁ ဆီးဂိမ်းမှာ ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့ ရန်အောင်ကျော်ဟာ အနားယူချိန်မှာ အသက် ၃၁နှစ်အရွယ်ရှိနေပြီလို့ Wikipedia မှာ ဖော်ပြထားချက်အရ သိရပါတယ်။ 



ဒီနေ့ကစားခဲ့တဲ့ ISPE နဲ့ ရန်ကုန်ယူနိုက်တက်တို့ရဲ့ပွဲစဉ်မှာ ရန်အောင်ကျော်ပါဝင်ကစားခဲ့ပြီး သူ့အတွက်တော့ အမှတ်တရ၊ အထိမ်းအမှတ်ပွဲလည်းဖြစ်လာခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်နဲ့အတူ အောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ တာဝန်ယူခွင့်ရရှိခဲ့တာကြောင့် သူ့ရဲ့ကစားသမားဘဝကတော့ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ 

ဒီပွဲမှာတော့ ရန်ကုန်အသင်းက ပထမပိုင်းမှာ ပယ်နယ်တီရရှိခဲ့ပြီး ဒီပယ်နယ်တီကိုကန်သွင်းဖို့ အသင်းဖော်တွေက ရန်အောင်ကျော်ကို တိုက်တွန်းခဲ့ပေမယ့်လည်း ကစားသမားသစ်ရန်နိုင်ဦးကိုသာ ပေးကန်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ရန်ကုန်ယူနိုက်တက်အနေနဲ့ ရန်အောင်ကျော်ရဲ့ ကျောနံပါတ် ၂၅ ကိုလည်း ရာသက်ပန်အနားပေးပြီး ဂုဏ်ပြုသွားခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ရန်ကုန်အတွက်တော့ ဒုတိယမြောက်ဂုဏ်ပြုမှုဖြစ်ပြီး ရန်အောင်ကျော်မတိုင်ခင်မှာ အသင်းနောက်ခံလူဟောင်း ကျော်ဒွန်းရဲ့ ကျောနံပါတ် ၂ကိုလည်း အနားပေးကာ ဂုဏ်ပြုခဲ့ပါသေးတယ်။ 

ရန်အောင်ကျော်အနေနဲ့ ဒီရာသီမြန်မာနေရှင်နယ်လိဂ်မှာ ရန်ကုန်ယူနိုက်တက်အတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ဘဲ ရာသီကုန်ဆုံးချိန်မှာ အနားယူခဲ့တာလည်းဖြစ်ပါတယ်။ သူ အနားယူမယ့်အကြောင်းကို ဒီနှစ်အစောပိုင်းမှာကတည်းက ကြိုတင်ပြောဆိုထားခဲ့ပြီး အခုအခါမှာတော့ တရားဝင်အနားယူပြီလို့ ကြေညာခဲ့ကာ မြက်ခင်းစိမ်းတွေကို ကျောခိုင်းခဲ့ပြီလည်းဖြစ်ပါတယ်။ 

လက်ရွေးစင်ကွင်းလယ်လူဟောင်းဟာ ရန်ကုန်ယူနိုက်တက်နဲ့အတူ အမှတ်ပေးဖလား ၅ ကြိမ်၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂ကြိမ်နဲ့ အခြားအောင်မြင်မှုတချို့ကို ရရှိခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၄ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ မှတ်တမ်းများအရ ရန်အောင်ကျော်ဟာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၆၄ ပွဲအထိကစားပေးနိုင်ခဲ့ပြီး အဓိကကစားသမားအဖြစ် နှစ်အတန်ကြာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က