ISPE ကို ၆-၁ နဲ့ အနိုင်ယူခဲ့တာပါ။
Pyae Phyo Thein

ပွဲအားလုံးကစားပြီးချိန်မှာတော့ ရန်ကုန်ယူနိုက်တက်က ရမှတ် ၃၄ မှတ်နဲ့ အဆင့်လေးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ISPE ကတော့ ရမှတ် ၁၁မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်သွားခဲ့ပါတယ်။


မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီရဲ့ ရာသီနောက်ဆုံးပွဲတွေကို ဆက်လက်ကစားနေခဲ့ရာမှာ ဒီနေ့မှာတော့ ရန်ကုန် နဲ့ ISPE တို့ ရင်ဆိုင်ခဲ့ကြပါတယ်။ အမှတ်ပေးဇယားရပ်တည်မှုအနေအထား ပြောင်းလဲနိုင်မှုမရှိတော့ပေမယ့် ရာသီပိတ်ပွဲကို အနိုင်နဲ့ ပိတ်သိမ်းနိုင်ဖို့ ရည်ရွယ်ခဲ့ကြပြီး ရန်ကုန်အတွက်တော့ အသင်းခေါင်းဆောင်ရန်အောင်ကျော်ရဲ့ နှုတ်ဆက်ပွဲဖြစ်တာကြောင့် ပိုပြီးအရေးပါခဲ့ပါတယ်။

ဒီပွဲမှာ နည်းပြဦးမင်းထွန်းလင်းက ရန်အောင်ကျော်ကို ပွဲထွက်ကစားစေခဲ့ကာ အမှတ်တရနှုတ်ဆက်ပွဲကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ရန်ကုန်က ကစားသမားတချို့အပြောင်းအလဲလုပ်ခဲ့ပြီး ISPE ကတော့ လူငယ်ကစားသမားတွေနဲ့ပဲ ပုံမှန်အတိုင်းပွဲထွက်ခဲ့ပြီး ရန်ကုန်ကို ရင်ဆိုင်ခဲ့ကာ ဂိုးပြတ်အရေးနိမ့်သွားခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်ကတော့ ရန်အောင်ကျော်ရဲ့နှုတ်ဆက်ပွဲကို ဂိုးပြတ်နိုင်ပွဲနဲ့ ဂုဏ်ပြုခဲ့ကာ အကောင်းဆုံးဖန်တီးပေးခဲ့ပါတယ်။ ရန်အောင်ကျော်က မိနစ် ၆၀ ခန့် ပါဝင်ကစားပေးခဲ့ပြီး အသင်းကိုဦးဆောင်သွားခဲ့ပါတယ်။ ၀ါရင့်ကစားသမားတွေ၊ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ လက်ရွေးစင်ကစားသမားတွေပါဝင်ခဲ့တဲ့ ရန်ကုန်ကို ISPE တို့ မယှဉ်နိုင်ခဲ့ဘဲ ဂိုးအများအပြားပေးခဲ့ရကာ အရေးနိမ့်ခဲ့ရပါတယ်။ 


ရန်ကုန်အတွက်သွင်းဂိုးတွေကိုတော့ ရန်နိုင်ဦး (ပယ်) ၊ အီစိုး၊ ကြည်လင်း၊ ဘာဖို (၂ ဂိုး)၊ စိုးမင်းနိုင်တို့က သွင်းယူပေးခဲ့ပြီး ISPE အတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ဘန်ထောင်ကျဲအိုက သွင်းယူပေးသွားခဲ့လို့ ရန်ကုန်က ၆-၁ နဲ့ အနိုင်ရရှိကာ ရာသီနောက်ဆုံးပွဲကို အနိုင်နဲ့့ပိတ်သိမ်းခဲ့သလို ရန်အောင်ကျော်နှုတ်ဆက်ပွဲကိုလည်း အမှတ်တရဖြစ်စေခဲ့ပါတယ်။ 

ပွဲအားလုံးကစားပြီးချိန်မှာတော့ ရန်ကုန်ယူနိုက်တက်က ရမှတ် ၃၄ မှတ်နဲ့ အဆင့်လေးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ISPE ကတော့ ရမှတ် ၁၁မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်သွားခဲ့ပါတယ်။ မနက်ဖြန်မှာတော့ ချန်ပီယံဘယ်အသင်းဖြစ်မလဲ အဆုံးအဖြတ်ပွဲတွေ ကစားကြမှာဖြစ်ပြီး ဧရာဝတီ နဲ့ ဟံသာဝတီ၊ ရှမ်း နဲ့ ရတနာပုံတို့ ကစားသွားကြမှာဖြစ်ပါတယ်။ 


Author


က္က