ပံ့ပိုးပေးမယ့်သူတွေရှိရင်လည်း ဆက်လက်တာဝန်ယူနိုင်အောင် ကြိုးစားကြည့်မယ်လို့လည်း ဆိုပါတယ်။
Kyaw Ko Ko Sint

ကိုဗစ်ကာလမှာ အသင်းကို လစာလျော့ပေးခဲ့ရသလို အနုပညာလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရလို့ ဝင်ငွေမရှိတော့ ချိန်မှာလည်း ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချပြီး ဝန်ထမ်းတွေရဲ့ လစာကို ပေးချေခဲ့ရကာ လာမယ့်နှစ်မှာတော့ ယခု အခြေအနေအတိုင်းဆိုရင် ဘောလုံးအသင်းကို ဆက်လက် တည်ထောင်နိုင်ဖို့ ခက်ခဲသွားပြီလို့ ဇာတ်မင်းသား ဖိုးချစ်က DuwunSportsကို ပြောလာတာပါ။

စစ်ကိုင်းယူနိုက်တက်အသင်းပိုင်ရှင် ဇာတ်မင်းသား ဖိုးချစ်က သူ့အနေနဲ့ လာမယ့်နှစ်မှာ စစ်ကိုင်းယူနိုက်တက်အ သင်းကို ဆက်လက်တည်ထောင်နိုင်ဖို့ မဖြစ်နိုင်တော့တာကြောင့် ဆက်လက် တာဝန်ယူချင်သူရှိရင် လက်လွှဲပေးဖို့ အဆင်သင့်ပါပဲလို့ DuwunSportsကို ပြောကြားလာပါတယ်။

ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်နေတဲ့ ကိုဗစ် ကူးစက်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်နားရချိန်မှာ အနုပညာလုပ်ငန်းတွေ အားလုံး ဆက်လက် လည်ပတ်လို့ မရတော့တဲ့အတွက် ငွေကြေး အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့်လို့ စစ်ကိုင်း ယူနိုက်တက်အသင်း ပိုင်ရှင် ဇာတ်မင်းသား ဖိုးချစ်က ပြောပါတယ်။

“လာမယ့်နှစ်မှာ ဒီလိုအခြေအနေနဲ့ဆိုရင် ဘောလုံးအသင်း ဆက်ရပ်တည်ဖို့ ကျွန်တော့်အတွက် ခက်ခဲပါတယ်။မ ဖြစ်ဖို့ များပါတယ်။လုံးဝကြီး လက်လျှော့လိုက်ပြီး မလုပ်တော့ဘူးလို့တော့ မပြောချင်သေးပါဘူး။တော်တော်ကြီး တော့ ခက်ခဲနေပြီ၊ဒါပေမယ့် ကြိုးစားကြည့်အုံးမယ်။သိပ်တော့ မသေချာပါဘူး။ဒီကြားထဲမှာမှ စစ်ကိုင်းတိုင်းအ တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေက စစ်ကိုင်းယူနိုက်တက် ဘောလုံးအသင်းကို လိုချင်တယ်၊တာဝန်ယူပေးမယ် ဆက် သွားမယ်ဆိုရင်လည်း ပေးဖို့ အသင့်ပါပဲ။ပေးချင်ပါတယ်။”လို့ စစ်ကိုင်းယူနိုက်တက်အသင်းပိုင်ရှင် ဇာတ်မင်း သား ဖိုးချစ်က DuwunSportsကို ပြောပါတယ်။

စစ်ကိုင်းယူနိုက်တက်ကို လက်လွှဲမယူပဲ ပံ့ပိုးပေးမယ့်သူတွေ ရှိရင်လည်း မိမိအနေနဲ့ ဆက်လက် တာဝန်ယူပြီး ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်ကြည့်ပါ့မယ်လို့လည်း မင်းသား ဖိုးချစ်က ပြောပါသေးတယ်။

မင်းသားဖိုးချစ်အနေနဲ့ ကိုဗစ်ကာလမှာ စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းကို လုံးဝ ပွဲမကစားရတဲ့ ကာလမှာ လစာရဲ့ ၅၀ရာခိုင်နှုန်း ပေးခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် ပြန်လည်စတင်ချိန်မှာတော့ ၇၀ရာခိုင်နှုန်းအထိ ပေးခဲ့တယ် လို့လည်း ဆိုပါတယ်။

ယခုနှစ်မှာ စစ်ကိုင်းယူနိုက်တက်အသင်းကို Max Energy နဲ့ ဇော်ဂျီမြန်မာ တိုင်းရင်းဆေးဝါး လုပ်ငန်းတွေကလည်း စပွန်ဆာအဖြစ် ပံ့ပိုးပေးမှုရှိပြီး Max Energy က စပွန်ဆာအဖြစ် သိန်း ၁၀၀၀ ပံ့ပိုးပေးခဲ့တယ်လို့လည်း သိရပါ တယ်။

“ဘောလုံးအသင်းအတွက် ဦးဇော်ဇော်ရဲ့ Max Energy ကုမ္ပဏီကနေ ငွေကျပ် သိန်း ၁၀၀၀ စပွန်ဆာ ပေးတာပါ။ ယခုနှစ် ဘောလုံးရာသီမှာ အသင်းကို Max Energy နဲ့ ဇော်ဂျီမြန်မာ တိုင်းရင်းဆေးဝါးလုပ်ငန်းတွေက စပွန်ဆာ အဖြစ် ပံ့ပိုးပေးခဲ့ကြပါတယ်။ကျွန်တော်တို့အသင်းရဲ့ ကျောဖက်မှာလည်း Max Energy ပါပါတယ်။ရင်ဘတ်မှာ တော့ ဇော်ဂျီမြန်မာ တိုင်းရင်းဆေးဆိုပြီး အဓိက ကူညီ‌ပေးကြတာပါ။”လို့လည်း ပြောပါတယ်။

ဇာတ်မင်းသား ဖိုးချစ်အနေနဲ့ ဘောလုံးအသင်းကို တည်ထောင်ခဲ့တဲ့ ၅နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း အသုံးစ ရိတ်အဖြစ် မြန်မာငွေကျပ် သိန်း ၂သောင်းကျော်ခန့် ခန့်မှန်းခြေ သုံးစွဲခဲ့ရပြီး ယခုနှစ်အတွက်ကိုမူ ငွေကျပ် သိန်း ခြောက်ထောင်ကျော် သုံးစွဲခဲ့ရတယ်လို့လည်း သိရပါတယ်။

မြန်မာနေရှင်နယ်လိဂ်မှာတော့ ဖျက်သိမ်းသွားခဲ့တဲ့ ဘောလုံးအသင်းတွေ ရှိသလို ပြိုင်ပွဲမှနုတ်ထွက်သွားခဲ့တဲ့ ဘောလုံး အသင်းတွေ ရှိခဲ့ပါတယ်။

မနောမြေ၊ဇေယျာရွှေမြေ၊ချင်းယူနိုက်တက်၊နေပြည်တော် စတဲ့ အသင်းတွေ ဖျက်သိမ်းသွားခဲ့သလို ဇွဲကပင်ယူနိုက် တက်အသင်းဟာလည်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ကြပါတယ်။

လက်ရှိ မြန်မာနေရှင်နယ်လိဂ်(၁)ပြိုင်ပွဲမှာ စုစုပေါင်း ကလပ်အသင်း ၁၀သင်းသာ ကျန်ရှိတော့ပြီး စစ်ကိုင်းယူနိုက် တက်အသင်းသာ နုတ်ထွက်သွားရပါက ၉သင်းသာ ကျန်တော့မှာပါ။


Author


က္က