ပြန်လည်စတင်ချိန်မှာ နိုင်ပွဲဆက်တိုက်ယူပြီး ချန်ပီယံဖြစ်ခဲ့တာပါ။

ရှမ်းယူနိုက်တက်အနေနဲ့ ဒီရာသီဆုဖလားကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပြီး အံ့အားသင့်ဖွယ်အနေအထားကနေ ဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။


ချန်ပီယံဆုအတွက် အဖြေပေါ်မယ့် မြန်မာနေရှင်နယ်လိဂ်နောက်ဆုံးပွဲစဉ်တွေကို ဒီနေ့ကစားခဲ့ရာမှာ ရှမ်းယူနိုက်တက်က ရတနာပုံကိုအနိုင်ယူပြီး အမှတ်ပေးဖလားကို ၂နှစ်ဆက်တိုက်ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အနေနဲ့ ဒီရာသီဆုဖလားကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပြီး အံ့အားသင့်ဖွယ်အနေအထားကနေ ဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။



ပထမရာသီဝက်အပြီးမှာ ဟံသာဝတီ၊ ဧရာဝတီတို့နဲ့ ရမှတ်ပြတ်တောက်မှုကွာဟနေခဲ့တဲ့ ရှမ်းဟာ ပြန်လည်စတင်ကစားချိန်ကစပြီး ရာသီသိမ်းချိန်ထိ ရှုံးပွဲမရှိဖြစ်ခဲ့ကာ နိုင်ပွဲတွေဆက်တိုက်ရရှိခဲ့ပြီး ဆုဖလားကိုပါ သိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။ အမှတ်ပေးဖလားအတွက် အပြိုင်အဆိုင်ဖြစ်နေခဲ့တဲ့ ဟံသာဝတီနဲ့ ဧရာဝတီတို့ကတော့ ခြေချော်လက်ချော်ဖြစ်ခဲ့တဲ့ ပွဲတွေရှိခဲ့ပြီး ဆုဖလားကိုလက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ 


ဒီအနေအထားတွေကို ရှမ်းယူနိုက်တက်က အခွင့်အရေးအရယူကာ ပြိုင်ဘက်တိုင်းကို အနိုင်ယူပြီး အမှတ်ကွာဟချက်တွေကျဉ်းမြောင်းအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ရာသီကုန်ဆုံးဖို့ နှစ်ပွဲသာကျန်တော့တဲ့အချိန်မှာ အမှတ်ပေးဇယားထိပ်ကို ရောက်ရှိသွားခဲ့ပါတယ်။ ရတနာပုံနဲ့ကစားခဲ့တဲ့ ဒီနေ့ပွဲမှာ အနိုင်ရတာနဲ့ ချန်ပီယံဆုကို ထိန်းသိမ်းနိုင်မှာဖြစ်လို့ ကိုယ့်ခြေကိုယ့်လက်ဖန်တီးခွင့်ရှိခဲ့ကာ နိုင်ပွဲရအောင်လည်း ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ရှမ်းအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းမှာ ကိတ်မာတူနာ၊ ဒုတိယပိုင်းမှာ နန္ဒကျော်တို့က သွင်းယူပေးခဲ့ပါတယ်။ တစ်ဖက်မှာ ဟံသာဝတီနဲ့ ဧရာဝတီတို့ကတော့ ရှမ်းယူနိုက်တက် သရေ ဒါမှမဟုတ် အရေးနိမ့်ခဲ့ရင် ချန်ပီယံမျှော်လင့်ခွင့်ရှိတာကြောင့် သူတို့နှစ်သင်းတွေ့ဆုံမှုမှာ အားထုတ်ကစားခဲ့ကြပေမယ့်လည်း ရှမ်းအသင်းအနိုင်ရခဲ့လို့ သူတို့ရဲ့အားထုတ်မှုတွေက အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။

မြန်မာနေရှင်နယ်လိဂ် (၂၀၂၀) ပြိုင်ပွဲကြီးပြီးဆုံးခဲ့ရာမှာတော့ ရှမ်းယူနိုက်တက်က ချန်ပီယံအဖြစ်ရပ်တည်ခဲ့ပြီး ဟံသာဝတီက ဒုတိယ၊ ဧရာဝတီက တတိယနေရာမှာ ရှိနေခဲ့ကြပါတယ်။ ဟံသာဝတီအတွက်တော့ ရာသီအစကနေ အဆုံးထိ အမှတ်ပေးဇယားကို အကြိမ်ကြိမ်ဦးဆောင်ခဲ့ပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် ပွဲကျပ်ကာလအတွင်း ကစားသမားအင်အားနည်းပါးမှုဒဏ်ကို ခံစားခဲ့ရပြီး ဆုဖလားနဲ့ လက်တစ်ကမ်းအလိုမှာမှ လွဲချော်ခဲ့ရတာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က