ပုံမှန်အတိုင်းဆိုရင် နှစ်အစ ဇန်နဝါရီလမှာ လိဂ်ကို စတင်ကျင်းပနေတာပါ။
Kyaw Ko Ko Sint

၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကတော့ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းက ချန်ပီယံဘွဲ့ကို ကာကွယ်ကာ နှစ်နှစ်ဆက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ကိုဗစ်ကူးစက်ရောဂါ ပျံ့နှံ့မှုကြောင့် တစ်လကျော်ကြာ ရပ်နားခဲ့ရ ပြီးမှ ပြန်လည်စတင်ကျင်းပခဲ့ရာမှာ‌တော့ ကိုဗစ် သတ်မှတ် စည်းကမ်းတွေနဲ့အညီ ပရိသတ်မပါပဲ ကစား စေခဲ့ပါတယ်။



အသင်းအားလုံးကိုလည်း ကွာရန်တင်းဝင်စေပြီး မူလ ကစားနေတဲ့ အိမ်ကွင်း၊အဝေးကွင်းစနစ်အစား ရန်ကုန်မှာပဲ ပွဲတွေအားလုံးကို ကစားစေခဲ့တဲ့ ပုံစံမျိုးနဲ့ ရာသီပြီးဆုံး‌အောင် ကျင်းပခဲ့တာပါ။

လက်ရှိအချိန်ထိ ကိုဗစ်ကူးစက်ရောဂါက ပပျောက်သွာားခြင်းမရှိသေးတာကြောင့် လာမယ့် ၂၀၂၁ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး DuwunSportsက မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်ကို မေးမြန်းခဲ့ပါတယ်။

“လာမယ့်နှစ်ကတော့ ကိုဗစ်လိုပါပဲ ဘယ်တော့ပြီးမလဲ မှန်းဖို့ ခက်တဲ့အတွက် ပုံမှန် ရာသီစနေတဲ့ ဇန်နဝါ ရီမှာ စနိုင်မလား၊ဖေဖော်ဝါရီမှ စမလား အဲ့ထက် နောက်ကျမလားဆိုတာကတော့ ကိုဗစ် အခြေအနေ ပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာပါ။ဒါပေမယ့် အခု Stay At Home ကာလမှာ လာမယ့်နှစ်အတွက် အစီအစဥ် ရေးဆွဲ လျာထားတာတို့၊ပွဲစဥ်ဇယားရေးဆွဲမှုတွေကို နှစ်မျိုး၊သုံးမျိုး လျာထာားတာတို့၊နိုင်ငံတကာပြိုင်ပွဲ ရက်ဆွဲတွေကို ကြည့်ရှုပြီး အကြမ်းအစီအစဥ် ရေးဆွဲမှုတွေ လုပ်သွားမှာပါ။”လို့ ဦးစိုးမိုးကျော်က ပြောပါ တယ်။

မြန်မာနေရှင်နယ်လိဂ် ပြန်လည်စတင်ကျင်းပနိုင်မယ့် အချိန်ကို အတိအကျ မပြောနိုင်သေးပဲ ပြန်စမယ့် ရက်ကို သိရလျှင် ထုတ်ပြန်ပေးမယ်လို့လည်းသိရပါတယ်။

၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းကတော့ လာမယ့်နှစ် ACL Play-Off ပထမအဆင့်ကနေ စတင်ကစားရမှာ ဖြစ်ပါတယ်။

ယခုနှစ်မှာ ကိုဗစ်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲကို ပြီးစီးအောင် ကျင်းပနိုင်ခြင်းမရှိလို့ မြန်မာနေရှင်နယ်လိဂ် သတ်မှတ်စည်းမျဥ်းတွေအရ အမှတ်ပေးလိဂ်မှာ ဒုတိယရတဲ့ ဟံသာဝတီ ယူနိုက် တက်အသင်းက AFC CUP အုပ်စုပွဲစဥ်တွေကို ပါဝင်ကစားခွင့်ရခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က