စစ်ကိုင်းအသင်းလည်း ဖျက်သိမ်းဖို့ စီစဥ်ထားတယ်လို့ သိထားရပါတယ်။
Kyaw Ko Ko Sint

အသင်းကို လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက ထွက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ သေချာပေါက် ဖျက်သိမ်းဖို့များပြီး တရားဝင် မထုတ်ပြန်ပေးသေးတာ တစ်ခုပဲ ရှိတယ်လို့ စီအီးအီ ဦးစိုးမင်းက DuwunSportsကို ပြောပါတယ်။

မကွေးအသင်း မြန်မာနေရှင်နယ်လိဂ်ကို နှုတ်ဆက်ခဲ့ပြီလို့ အသင်းရဲ့ မန်နေဂျာ ဦးကြည်လွင်က ယနေ့ အောက်တို ဘာလ ၁၂ရက်နေ့ ည ၈ နာရီခွဲခန့်က လူမှုကွန်ရက် စာမျက်နှာထက်ကတဆင့် ရေးသားဖော်ပြလာခဲ့ပါတယ်။

မကွေးအသင်းဟာ မြန်မာနေရှင်နယ်လိဂ် စတင်ချိန် ၂၀၀၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် မြန်မာနေရှင်နယ်လိဂ်မှာ ၁၂နှစ်ကြာ ရပ်တည်ခဲ့တယ်လို့ ဆိုရမှာပါ။

မကွေးအသင်း ဖျက်သိမ်းကြောင်းကိုတော့ အသင်းရဲ့ တရားဝင် လူမှုစာမျက်နှာကတဆင့် တရားဝင်ကြေညာလာ ခြင်း မရှိသေးသလို မြန်မာနေရှင်နလိဂ်ကော်မတီကလည်း ထုတ်ပြန်ပေးခြင်း မရှိသေးပေမယ့် ဖျက်သိမ်းဖို့ကို လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက လုပ်ဆောင်ခဲ့ပြီး သေချာဖို့ များတယ်လို့ အသင်းရဲ့ စီအီးအို ဦးစိုးမင်းက Duwun Sportsကို အတည်ပြုပြောပါတယ်။

“အသင်းက လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက ဖျက်ဖို့ လုပ်ဆောင်နေခဲ့တာဖြစ်ပြီး အခုကတော့ သေချာဖို့ များပါ တယ်။သတင်းကို တရားဝင် မထုတ်သေးတာ တစ်ချက်ပါပဲ။ဒီလို အသင်းဖျက်ဖို့ကိုလည်း အရင်ကတည်းက ကစားသမားတွေကို ကြိုတင် အသိပေးထားပြီး ဖြစ်ပါတယ်”လို့လည်း ဦးစိုးမင်းက ပြောပါတယ်။

မကွေးအသင်းဖျက်သိမ်းတဲ့အတွက် အသင်းပိုင်ရှင်ဖက်ကလည်း ကစားသမားတွေကိူ နစ်နာကြေးတွေ ပေးဖို့ စီစဥ် ပေးထားတဲ့အကြောင်း သိထားတယ်လို့လည်း ဦးစိုးမင်းက ပြောပါသေးတယ်။

“ကျွန်တော် တာဝန်ရှိသူ တစ်ဦးအနေနဲ့ ကြားသိထားရတဲ့ သတင်းအရ အသင်းပိုင်ရှင်အနေနဲ့ အသင်းသားအားလုံး ကို နစ်နာကြေးအဖြစ် လျော်ကြေးပေးသွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။အခြားလက်လွှဲယူချင်တဲ့ အဖွဲ့ အစည်းတွေရှိရင်လည်း ပေးဖို့ရှိတယ်လို့ အသင်းပိုင်ရှင်ထံက တဆင့် သိထားရပါတယ်။”လို့ ဦးစိုးမင်းက ဆက်လက် ပြောပါတယ်။

မကွေးအသင်းနည်းတူ စစ်ကိုင်းယူနိုက်တက်အသင်းဟာလည်း ဖျက်သိမ်းဖို့ စီစဥ်ထားပြီး အခြား လက်လွှဲလိုချင်သူရှိပါကလည်း ပေးဆောင်သွားဖို့ အဆင်သင့်ပါပဲလို့ အသင်းပိုင်ရှင် ဦးဖိုးချစ်က DuwunSportsကို ပြောထားတာရှိပါသေးတယ်။

၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့အပြီးမှာ လိဂ်(၁)က ချင်းယူနိုက်တက်နဲ့ဇွဲကပင်ယူနိုက်တက်အသင်း တို့ နုတ်ထွက်သွားကြပြီး ယခု မကွေးအသင်းနှင့်စစ်ကိုင်းအသင်းပါ ထပ်မံ နုတ်ထွက်သွားမယ်ဆိုရင် မြန်မာနေရှင် နယ်လိဂ်(၁)မှာ ၈သင်းသာ ကျန်တော့မှာ ဖြစ်ပြီး ဒါဟာ ၂၀၀၉ခုနှစ်က လိဂ်စတင် တည်ထောင်ခဲ့စဥ်က အသင်းအရေ အတွက်အတိုင်း ပြန်ဖြစ်သွားတော့မှာပါ။


Author


က္က