သွေးတိုးကြောင့် နေအိမ်မှာပင် ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။

၂၀၀၉-၁၀ ခုနှစ်အတွင်းက မြန်မာအသင်း ထိုင်းနိုင်ငံမှာ သွားကစားခဲ့စဥ် လက်ရွေးစင် ဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ ရကာ ကွယ်လွန်ချိန်မှာတော့ အသက် ၃၆နှစ် ရှိပြီလို့ သိရပါတယ်။

ဓာတ်ပုံ - Pyae Phyo Aung



မြန်မာ့လက်ရွေးစင်နှင့် ‌ဆောက်သမ်းမြန်မာ ဂိုးသမားဟောင်း ကိုဇာနည်မင်းဟာ သွေးတိုးရောဂါနဲ့ ကွယ်လွန်သွား ပြီလို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၃၆နှစ်ရှိပြီ ဖြစ်ပြီး အသက် ၅၊၆နှစ်ခန့် အရွယ် သားငယ်တစ်ဦး ကျန်ရစ်ခဲ့တယ်လို့လည်း ဆောက်သမ်းမြန်မာအသင်းရဲ့ မြန်မာ့လက်ရွေးင် ဂိုးသမား ပြည့်ဖြိုးအောင်က ပြောပြပါတယ်။

“သူ့ရဲ့ အရှေ့ဒဂုံက နေအိမ်မှာပဲ ရုတ်တရက် သွေးဆောင့်တက်ပြီး ညက ဆုံးသွားတာလို့ သိရပါတယ်။သူ့မှာ သွေး တိုးလည်း ရှိတော့ အခုလို ရုတ်တရက်ကွယ်လွန်ခဲ့တာပါ။သူကွယ်လွန်ချိန်မှာတော့ သူ့မှာ ၅နှစ်၆နှစ်ခန့် အရွယ် လောက်ရှိမယ့် သားလေးတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။”လို့ ဆောက်သမ်မြန်မာ အသင်းဂိုးသမား ပြည့်ဖြိုးအောင်က ပြောပြလာပါတယ်။

ကိုဇာနည်မင်းကတော့ ဆောက်သမ်းမြန်မာအသင်းမှာ တစ်ချိန်က နိုင်ငံခြားသား နည်းပြကြီး ကင်ဝေါ်လ်ဒယ်လ်ရဲ့ လက်စွဲတော် ဂိုးသမားတစ်ဦး ဖြစ်ခဲ့ပြီး ၂၀၀၉-၁၀ ခုနှစ်ဝန်ကျင်က မြန်မာအသင်း ထိုင်းနိုင်ငံမှာ သွားကစားခဲ့စဥ် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့လည်းသိရပါတယ်။

ဓာတ်ပုံ - Pyae Phyo Aung

“ကိုဇာနည်မင်းက ၂၀၀၉-၁၀ လောက်မှာ ကိုအောင်အောင်ဦးတို့ကန်ခဲ့စဥ် ယိုးဒယားကို လက်ရွေးစင်နဲ့ ပါခဲ့ဘူးပါ တယ်။ ပြိုင်ပွဲလား ခြေစမ်းပွဲလားသေချာတော့ မသိတော့ပါဘူး၊ဒါပေမယ့် အဲ့မှာ သူလည်း ဖမ်းရတယ်လို့ သိရပါ တယ်။”လို့ ဂိုးသမား ပြည့်ဖြိုးအောင်က ဆက်လက်ပြောပါတယ်။

ကိုဇာနည်မင်းအနေနဲ့ ကစားသမားဘဝကို ၂၀၁၆ခုနှစ်က ဆောက်သမ်းမြန်မာအသင်း လိဂ်တူးကနေ လိဂ်ဝမ်းကို တန်းပြန်တက်လာချိန်မှာ အနားယူခဲ့သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က