မြန်မာငွေကျပ်တန်ဖိုးအရ သိန်း ၆၅၀ခန့်ဖြင့် ကမ်းလှမ်းလာတာပါ။

လက်ရှိငွေကြေးလဲလှယ်မှုနှုန်းတွေအရဆိုရင် အမေရိကန်ဒေါ်လာ ၅သောင်းဟာ မြန်မာကျပ်ငွေ သိန်း ၆၅၀ခန့် သာ တန်ကြေးရှိလို့ အောင်သူ့ကို ရတနာပုံအသင်းက ထွက်ခွာခွင့်ပြုမှာလား မပြုဘူးလားဆိုတာကလည်း စိတ်ဝင် စားဖို့ ကောင်းနေပါပြီ။

ရတနာပုံအသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူကို ထိုင်းလိဂ်(၁)ကလပ် ဘူရီရမ်အသင်းက အပြီးသတ် ခေါ်ယူနိုင်ရေး တရားဝင် ကမ်းလှမ်းလာပါတယ်။



အောင်သူ့အတွက် အပြောင်းရွှေ့ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅သောင်းနဲ့ ကနဦး ကမ်းလှမ်းလာပြီး ဒီအပေါ် မှာတော့ နှစ်ဖက်အသင်းကြား ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့လည်း ရတနာပုံအသင်းရဲ့ အထွေထွေ မန်နေဂျာ ဦးအတာဦးက DuwunSportsကို အတည်ပြု ပြောလာပါတယ်။

“အောင်သူ့ကို အမေရိကန်ဒေါ်လာ ၅သောင်းနဲ့ ကမ်းလှမ်းလာတာပါ။အပြီးသတ် ခေါ်ယူဖို့ ကမ်းလှမ်းတာလည်း ဟုတ်ပါတယ်။ဒါပေမယ့် ကစားသမားနဲ့ ကလပ်အသင်းအကြား စာချုပ်သက်တမ်းကလည်း ကျန်ရှိနေသေးလို့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်အသင်းကြား ဆက်လက် ညှိနှိုင်းနေဆဲပါ။”လို့ ဦးအတာဦးကပြောပါ တယ်။

အောင်သူအနေနဲ့ ယခင်က ထိုင်းလိဂ်(၁)ကလပ်အသင်းတွေဖြစ်တဲ့ Police Tero၊မြောင်ထောင် ယူနိုက်တက် အသင်းတို့မှာ သွားရောက်ကစားခဲ့ပေမယ့် အငှားစာချုပ်နဲ့သာ သွားရောက် ကစားခဲ့ခြင်း ဖြစ်ပါတယ်။

ထိုစဥ်ကမူ အောင်သူရဲ့ လစာငွေဟာ တစ်လကို မြန်မာကျပ်ငွေ သိန်း ၁၀၀ ခန့် ရရှိတယ်လို့ ထိုင်းဖက် သတင်းဌာ နများရဲ့ ဖော်ပြချက်တွေအရ သိရှိရပြီး နေအိမ်နှင့် ကားကိုလည်း ကလပ်အသင်းဖက်မှ ပံ့ပိုးပေးထားတယ်လို့ သိရ ပါတယ်။

ထိုင်းကလပ်အသင်းတွေအနေနဲ့ အာဆီယံ ကစားသမားခေါ်ယူခွင့် စည်းမျဥ်းအရ ၂၀၁၈ခုနှစ်မှ စတင်ပြီး မြန်မာ့ လက်ရွေးစင် ကစားသမားတွေကို မျက်စိကျလာခဲ့ပြီး လက်ရှိမှာဆိုရင်လည်း ထိုင်းလိဂ်(၁)ကလပ် ဆူခိုထိုင်း အသင်းမှာ မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်း၊လိဂ်(၂)ကလပ် လမ်ပန်းအသင်းမှာ အောင်ကောင်းမန် နဲ့ လိဂ်(၁)က ထရတ်အက်ဖ်စီမှာလည်း ဆွမ်လန်မန်တို့ ကစားနေပါတယ်။

အောင်သူအနေနဲ့ကတော့ ကစားခဲ့တဲ့ Police Tero အသင်းအတွက် ပွဲပေါင်း ၃၁ပွဲမှာ ၁၁ဂိုးအထိသွင်းယူပေးနိုင်ခဲ့ ပြီး မြောင်ထောင် အသင်းအတွက်မူ ၁၃ပွဲမှာ ၃ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ထိုင်းလိဂ်(၁)ပွဲစဥ်တွေဟာ ပထမရာသီဝက်ပြီးဆုံးတော့မှာမို့ အောင်သူအနေနဲ့ ဒုတိယရာသီဝက်မှ သာ ဘူရီရမ်အသင်းနဲ့ စတင်ပူးပေါင်းနိုင်ဖွယ်ရှိနေပါတယ်။

Share

Loading Next Article...
က္က