ယခုနှစ်မှာ မကွေးအသင်း၊ဆောက်သမ်းမြန်မာအသင်းတို့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲက နုတ်ထွက်သွားကြပါပြီ။

ဆောက်သမ်းမြန်မာအသင်းကတော့ ၂၀၀၉ခုနှစ် မြန်မာနေရှင်နယ်လိဂ် စတင်ချိန်ကတည်းက အသင်းတည် ထောင်ပါဝင်လာခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ဦးဆောင် အသင်းတစ်သင်းဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်ဆောက်သမ်း မြန်မာအသင်းဟာ လာမယ့် ၂၀၂၁ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခြင်း မပြုတော့ဘူးလို့ ပြီးခဲ့တဲ့ လိဂ်ကော်မတီ အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ သိရပါ တယ်။



ဆောက်သမ်းမြန်မာအသင်းအနေနဲ့ ကျင်းပမယ့် ၂၀၂၁ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခြင်း မပြုပဲ နားမယ်လို့ တင်ပြထားချက်အပေါ် မြန်မာနေရှင်နယ်လိဂ် ကော်မတီအနေနဲ့ လာမယ့် ဇန်နဝါရီလမှာ ထပ် မံပြုလုပ်မယ့် အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ပေးမယ်လို့လည်း သိရပါတယ်။

“ဒီနှစ်ကို နားဖို့အတွက် လိဂ်ကော်မတီကို စာတင်ပြီး သူတို့ ဆုံးဖြတ်ချက်ကိုတော့ လာမယ့် ဇန်နဝါရီမှ အစည်းအ ဝေးထပ်လုပ်ပြီး ဆုံးဖြတ်ချက်ချမှတ်မယ်လို့ သိရပါတယ်။ကျွန်တော်တို့အသင်းရဲ့ BODအစည်းအဝေးအရ နားဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပြီး ကျွန်တော်ကိုယ်တိုင်လည်း အစည်းအဝေးမှာ မပါတော့ အသေးစိတ် တိတိကျကျတော့ မပြောနိုင်ပါဘူး။ဒါပေမယ့် သိသလောက်ကတော့ လူကြီးပိုင်းအစည်းအဝေးမှာ ဒီတစ်နှစ်တော့ နားမယ်ဆိုတာ လေးတော့ အထက်လူကြီးထံ ကတဆင့် ပြန်ကြားထားတာပါ။”လို့ ဆောက်သမ်းမြန်မာအသင်းရဲ့ အုပ်ချုပ်သူ ဦးမြင့်ကြူးက DuwunSportsကို ပြောပါတယ်။


လာမယ့် ၂၀၂၁ခုနှစ်မှာ အသင်းဆက်လက်ဝင်ရောက်ယှဥ်ပြိုင်ခြင်း မပြုတော့တဲ့အတွက် ဆောက်သမ်းမြန်မာအ သင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ကစားသမားတွေကို ၃လစာ နစ်နစာကြေး ပေးသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

အသင်းအုပ်ချုပ်သူ ဦးမြင့်ကြူးရဲ့ ပြောစကားအရ ဆောက်သမ်းမြန်မာအသင်းအနေနဲ့ လာမယ့် ၂၀၂၁ခုနှစ် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲကိုသာ ဝင်ရောက်မယှဥ်ပြိုင်ခွင့်တင်ပြထားတာ ဖြစ်ပြီးအသင်းကို အပြီးအပိုင် ဖျက်သိမ်း လိုက်ပြီလို့ ကြေညာခဲ့ခြင်း မဟုတ်ပေ။

လက်ရှိ မြန်မာနေရှင်နယ်လိဂ် (၁)မှာတော့ မူလ အသင်း ၁၂သင်း ရှိရာမှ အစောပိုင်းတုန်းက မကွေးအသင်း ဖျက်သိမ်းခဲ့သလို စစ်ကိုင်းအသင်းကလည်း ဖျက်သိမ်းလုဆဲဆဲ ရှိနေပါပြီ။

ဒါကြောင့် ၂၀၂၁ခုနှစ်မှာ ပါဝင်ယှဥ်ပြိုင်ဖို့ သေချာသလောက် ရှိတဲ့အသင်းအရေအတွက်က ၉သင်းသာ ကျန်တော့ ပြီး ၂၀၀၉ခုနှစ်က မြန်မာနေရှင်နယ်လိဂ်စတင်ချိန်က အသင်းအရေအတွက်တိုင်း ပြန်လည်တူညီသွားတော့မှာပါ။

Share

Loading Next Article...
က္က