နှစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိပြီး ပုံမှန်ဆိုရင် ယခုနှစ် နိုဝင်ဘာမှာ ကျင်းပဖို့ ရှိခဲ့တာပါ။

ပုံမှန်ဆိုရင် ယခုနှစ် နိုဝင်ဘာမှာ ကျင်းပမှာ ဖြစ်ပေမယ့်လည်း တစ်နှစ်နောက်ဆုတ်က ဒီဇင်ဘာ ၅ရက်မှ ဇန်နဝါရီ ၁ရက်နေ့အထိ ယခင် စနစ်များအတိုင်း ကျင်းပသွားမှာဖြစ်ပါတယ်။

ယခုနှစ် နိုဝင်ဘာလမှာ ကျင်းပဖို့ မူလစီစဥ်ထားတဲ့ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို လာမယ့် ၂၀၂၀၁ခုနှစ် ဒီဇင် ဘာလမှသာ ကျင်းပတော့မယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်က ယနေ့မှာ အတည်ပြု ထုတ်ပြန်လာပါတယ်။


ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ် ကူးစက်ရောဂါကြောင့် အာဆီယံဆူဇူကီးဖလားကိုလည်း နောက်ဆုတ် ထားခဲ့ပြီး မူလကက ၂၀၂၁ခုနှစ် ဧပြီနဲ့မေလတို့မှာ ကျင်းပဖို့ စီစဥ်ထားပါသေးတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ ကိုဗစ်ရဲ့ ရိုက်ခတ်မှုက အပြီးသတ်နိုင်ခြင်း မရှိသေးတာကြောင့်လည်း ပြိုင်ပွဲကျင်းပ မယ့်ရက်ကို ထပ်မံ နောက်ဆုတ်ကာ ဒီဇင်ဘာကို ရွှေ့လိုက်ခြင်း ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၅ရက်နေ့မှ ဇန်နဝါရီလ ၁ရက်နေ့အထိ အိမ်ကွင်းအဝေးကွင်း နှစ်ကျော့စနစ်ဖြင့် မူလစနစ်အတိုင်း ကျင်းပသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကတော့ အာဆီယံ ဒေသတွင်းက နိုင်ငံအသီးသီးရဲ့ အေအဆင့်ရှိတဲ့ လက်ရွေးစင် အသင်းတွေ ယှဥ်ပြိုင်ကြတဲ့ နှစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ အမြင့်ဆုံးအဆင့်အဖြစ် ၂၀၀၄နဲ့၂၀၁၆ခုနှစ်တွေမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က