၂၁နှစ် ၃၅၅ရက်နဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။
Kyaw Ko Ko Sint

ဘတ်ပေဟာ ပီအက်စ်ဂျီအသင်းအတွက်လည်း ဂိုး ၁၀၀မြောက်ကိုလည်း မောင့်ပယ်လီယာနဲ့ပွဲမှာ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပြီး ယခုအခါ မက်ဆီတင်ထားတဲ့ စံချိန်ကိုပါ ထပ်မံ ကျော်ဖြတ် နိုင်ခဲ့တာပါ။

ပီအက်စ်ဂျီ အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဘတ်ပေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၀အထိ ရရှိလာခဲ့ပြီ ဖြစ်ပါ တယ်။

အစ္စတန်ဘူလ်အသင်းကို ၅-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်လုံးဖန်တီးပေးပြီး ၂ဂိုး ရယူနိုင်ခဲ့ဘတ်ပေဟာ သူ့ရဲ့ ကစားသ မား ဘဝ ချန်ပီယံလိဂ် သွင်းဂိုး ၂၀အထိရရှိလာတာပါ။

ဒါကြောင့် အသက် ၂၁နှစ်နဲ့ ၃၅၅ရက်သာရှိသေးတဲ့ ဘတ်ပေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံးနဲ့သွင်း ဂိုး ၂၀ ရရှိတဲ့ ကစားသမားဖြစ်လာပါတယ်။

ယခင်က ဒီစံချိန်ကိုတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ၂၂နှစ် ၂၆၆ရက်နဲ့ တင်ရှိထား တာ ဖြစ်လို့ ဘတ်ပေဟာ မက်ဆီရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံးနဲ့ ဂိုး ၂၀ ရရှိကြတဲ့ ကစားသမားတွေစာရင်းမှာ ဘတ်ပေက ထိပ်ဆုံးမှာ ရပ်တည်နေပြီး၊မက်ဆီ၊ရာအူးလ်၊ဒယ်လ်ပီယာရို၊ဘန်ဇီးမားတို့ အစဥ်လိုက်ရပ်တည်နေပါ တယ်။

ဘတ်ပေရဲ့ ပီအက်စ်ဂျီအသင်းကတော့ လက်ရှိမှာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က