မကွေးအသင်းဖျက်သိမ်းသွားပြီ ဖြစ်သလို ဆောက်သမ်းမြန်မာကလည်း ၂၀၂၁ခုနှစ် ပြိုင်ပွဲကို မပြိုင်နိုင်တော့ဘူးလို့ စာတင်ပြထားပါတယ်။
Kyaw Ko Ko Sint

၂၀၂၁ခုနှစ်အတွက် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး လိဂ်ကော်မတီအစည်းအဝေးကို ပြီးခဲ့တဲ့ရက်က ကျင်း ပခဲ့ရာမှာ ဧပြီလမှာ စတင်ကျင်းပနိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။

၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကိုတော့ ပထမအကျော့ ပြီးခါနီး တစ်ပွဲအလိုမှာ ကိုဗစ်ကြောင့် ရပ်နားလိုက်ရပြီး လက်ကျန်ပွဲတွေကို ကိုဗစ် သတ်မှတ်စည်းကမ်းတွေနဲ့အညီ ဆက်လက်ကျင်းပနိုင်ခဲ့ပါတယ်။

ယခုနှစ်မှာလည်း ကိုဗစ်သတ်မှတ်စည်းကမ်းတွေနဲ့ အညီ ပြန်လည်ကျင်းပဖို့ လုပ်ဆောင်နေပြီး ရက်အတိအကျ တော့ မသတ်မှတ်နိုင်သေးဘူးလို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က DuwunSportsကို ပြောပါတယ်။

“လာမယ့် ဧပြီကနေ စက်တင်ဘာအထိ ကျင်းပဖို့တော့ ကနဦး လျာထားပါတယ်။ရက်အတိအကျတော့ မသတ် မှတ်နိုင်သေးပါဘူး။ပွဲစဥ်ရဲ့ ကျင်းပဖို့ မကျင်းပဖို့ကလည်း ကိုဗစ်အခြေအနေနဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ ကိုဗစ် အပေါ်ပဲ မူတည်ပါတယ်။လောလောဆယ်တော့ မနှစ်ကလို သတ်မှတ်စည်းကမ်းတွေနဲ့အညီ ကျင်းပနိုင်ဖို့ ကနဦး လျာထားပါတယ်။”လို့ ဦးစိုးမိုးကျော်က ပြောပါတယ်။

၂၀၂၁ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမတိုင်မီ လိဂ်(၁)မှ မကွေးအသင်း ဖျက်သိမ်းသွားပြီ ဖြစ်သလို ဆောက် သမ်းမြန်မာအသင်းကလည်း ၂၀၂၁ခုနှစ် ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခြင်း မပြုနိုင်တော့ဘူးလို့ လိဂ် ကော်မတီကို စာတင်ထားပါတယ်။

မနှစ်က ကိုဗစ်ကြောင့် လိဂ်ရပ်နားခဲ့ရပြီး ပြန်လည်စတင်ချိန်မှာလည်း လိဂ်(၁)တစ်ခုတည်းသာ ပြန်စနိုင်ခဲ့ပြီး လိဂ်(၂)အပါအဝင် လူငယ်လိဂ်များနဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွေကို ဆက်လက်ကျင်းပနိုင်ခဲ့ခြင်း တော့ မရှိပါဘူး။

“လာမယ့်နှစ်မှာ ဆောက်သမ်းအသင်း မပြိုင်တော့ဘူးလို့ စာနဲ့တင်ထားပါတယ်။ဒီအပေါ်မှာ အတည်ပြုပေးဖို့ လာ မယ့် လိဂ်ကော်မတီ အစည်းအဝေးမှာ ဆွေးနွေး ဆုံးဖြတ်ပါမယ်။လက်ရှိမှာ ပြောနိုင်တာကတော့ အရင်နှစ်တွေ တုန်းကထက် အသင်းအရေအတွက် အနည်းငယ်လျော့နည်းပြီး လာမယ့်ပြိုင်ပွဲကို ကျင်းပရဖို့ ရှိနေပါတယ်။ အသင်းအရေအတွက် အတိအကျကိုတော့ မပြောနိုင်သေးပါဘူး။”လို့ ဦးစိုးမိုးကျော်က ဆက်လက်ပြောပါတယ်။

မကွေးအသင်းနဲ့ ‌ဆောက်သမ်းမြန်မာအသင်းတို့ ၂၀၂၁ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင် ခြင်း မပြုတော့ဖို့ သေချာသွားချိန်မှာ နောက်ထပ် စစ်ကိုင်းယူနိုက်တက်အသင်းကလည်း မသေချာ မရေရာ ဖြစ် နေပါတယ်။

လိဂ်(၁)မှာ အသင်းနည်းသွားရင် လိဂ်(၂)က အသင်းတွေကို ဆွဲတင်မလား၊ဒါမှမဟုတ် အသင်းနည်းနည်းနဲ့ပဲ ပြိုင်ပွဲ ကိုကျင်းပရင် အေအက်ဖ်စီ ဝင်ခွင့်မှာ သတ်မှတ်ချက် ကျဆင်းနိုင်မလားဆိုတာတွေကိုလည်း ဦးစိုးမိုးကျော်က အခုလို ရှင်းပြပါသေးတယ်။

“လိဂ်(၂)က အသင်းကို လိဂ်(၁)ဆွဲတင်ဖို့ဆိုရင် ဘဏ္ဍာရေးအရ မလွယ်နိုင်ပါဘူး။ဒါကြောင့် ကျန်ရှိအသင်းနဲ့သာ ဆက်လက်ကျင်းပဖို့ များပါတယ်။ဒီလို အသင်းနည်းသွားရင်လည်း အေအက်ဖ်စီ ဝင်ခွင့်အတွက် သတ်မှတ်ချက် တွေ မထိခိုက်နိုင်ပါဘူး။အခြားနိုင်ငံအချို့ရဲ့ လိဂ်တွေမှာလည်း အသင်းအရေအတွက် နည်းနည်းနဲ့ ကစားနေတာ တွေရှိပါတယ်။”လို့ ဦးစိုးမိုးက ရှင်းပြပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကတော့ လိဂ်ချန်ပီယံအသင်းဟာ အာရှ ချန်ပီယံလိဂ် ပထမအဆင့် ခြေစစ်ပွဲကို ကစားခွင့်ရှိပြီး ရှုံးထွက်ချန်ပီယံ(သို့)လိဂ် ဒုတိယရအသင်းက အေအက်ဖ်စီဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကို တိုက် ရိုက် ကစားခွင့်ရထားပါတယ်။

မြန်မာနေရှင်နယ်လိဂ်(၁)ပြန်လည်ကျင်းပနိုင်ရေးအတွက် လိဂ်ကော်မတီအစည်းအဝေးကို လာမယ့် ဇန်နဝါရီလ ၆ရက်(သို့)၇ရက်နေ့လောက်မှာ ထပ်မံ ပြုလုပ်သွားဖို့ ရှိနေပြီး အစည်းအဝေးအပြီးမှာ ဆောက်သမ်းအသင်းမယှဥ် ပြိုင်တော့ဖို့ စာတင်ထားတာကို အဆုံးအဖြတ်ပေးဖို့ရှိသလို လိဂ်(၁)နဲ့(၂)မှာ ဘယ်နှစ်သင်းစီ ပါဝင်မလဲ စတာတွေ ကိုလည်း သိရှိနိုင်ဖို့ ရှိနေပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က