ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ဆက်လက်ကစားဖို့ ရှိနေပါတယ်။

နည်းပြ အန်တိုနီဟေးရဲ့ ပဏာမ လူစာရင်းကို ကြည့်ပြီး ထိုင်းကလပ်တွေမှာ ကစားနေတဲ့ မြန်မာကစားသမားတွေ ပူးပေါင်းနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ရှိနေပြီး လက်ရှိ ကိုဗစ်အခြေအနေအရဆိုရင်တော့ ထိုင်းရောက်မြန်မာကစားသမားတွေ ပူးပေါင်းနိုင်ဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။

ကိုဗစ်ကြောင့် ပြိုင်ပွဲတွေ နောက်ဆုတ်လိုက်ရတာနဲ့အညီ မြန်မာ့လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဥ် တွေကိုလည်း ရပ်နားထားခဲ့ပါတယ်။



မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၀ ကမ္ဘာ့ဖလားနဲ့ ၂၀၂၁ အာရှဖလားအတွက် အာရှဇုန် ခြေစစ်ပွဲ အုပ်စု(စ)မှာ အာရှအင်အားကြီး ဂျပန်၊မွန်ဂိုလီးယား၊ကာဂျစ် ရီပတ်ဗလစ်၊တာဂျီကစ္စတန် အသင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

မူလ သတ်မှတ်ထားတဲ့ ‌‌အောက်တိုဘာ ၈ရက်နေ့ ၂၀၂၀ခုနှစ်မှာ ဂျပန်အသင်းနဲ့ အဝေးကွင်းကစားရမှာ ဖြစ်ပေမယ့် လည်း ကိုဗစ်ကြောင့် ပြိုင်ပွဲတွေကို ရပ်နားခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၂၀ နိုဝင်ဘာမှာ ကျင်းပရမယ့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကလည်း ၂၀၂၁ခုနှစ် ဒီဇင်ဘာကိုရွှေ့ ထားလို့ မြန်မာအသင်းဟာ စုစည်းလေ့ကျင့်မှုတွေကိုပါ ရပ်နားထားလိုက်ရပါတယ်။

ယခုအခါ ကိုဗစ် သတ်မှတ်စည်းကမ်းတွေနဲ့အညီ ကမ္ဘာနှင့်အဝှမ်းက အားကစားပြိုင်ပွဲတွေ ပြန်လည်ကျင်းပနေ တာကြောင့် မြန်မာအသင်းအနေနဲ့လည်း ကိုဗစ်သတ်မှတ်စည်းကမ်းတွေနဲ့အညီ စုစည်းလေ့ကျင့်နိုင်ဖို့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်းက DuwunSportsကို ပြောပါတယ်။

“လက်ရှိမှာ နည်းပြကြီး အန်တိုနီဟေးက ဂျာမနီကို ခေတ္တပြန်နေပါတယ်။သူ့အနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လာနိုင်ဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်။ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ကလည်း သူပြန်ရောက်လာတာ နဲ့ လက်ရွေးစင်အသင်း လေ့ကျင့်ခန်းကို အမြန်ဆုံး စတင်နိုင်အောင် လုပ်ဆောင်နေပါတယ်။”လို့ ဦးကိုကိုသိန်းက ဆိုပါတယ်။

နည်းပြ အန်တိုနီဟေးကို လက်ရွေးစင်အသင်းစုစည်းလေ့ကျင့်ချင်တဲ့ ပဏာမ လူစာရင်းကို တောင်းပြီး စာရင်းအရ ထိုင်းမှ ကစားသမားတွေ ပါဝင်နေမယ်ဆိုရင် နှစ်နိုင်ငံ သွားလာနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရဖို့လည်း ရှိနေပါ တယ်။

“လက်ရှိ အနေအထားတိုင်းဆိုရင် ထိုင်းကလပ်တွေမှာ ကစားနေတဲ့ မြန်မာကစားသမားတွေကို ခေါ်ယူလေ့ကျင့် နိုင်ရေး ခက်ခဲနိုင်ပါတယ်။ ဒါကတော့ အခြေအနေအပေါ် မူတည်နေပါတယ်။လောလောဆယ်တော့ အတိအကျ မပြောနိုင်သေးပါဘူး။”လို့ ဦးကိုကိုသိန်းက ဆက်လက်ပြောပါတယ်။

ထိုင်းကလပ်အချို့မှာ မြန်မာ့လက်ရွေးစင်တွေ ဖြစ်ကြတဲ့ ဇော်မင်းထွန်း၊ကျော်ကိုကို၊ဆွမ်လန်မန်၊အောင်ကောင်း မန်၊စတဲ့ ကစားသမားတွေ ပါဝင်ကစားနေကြပါတယ်။



က္က