ချင်းမိုင်အသင်းနဲ့ ကစားခဲ့တဲ့ ထိုင်းလိဂ်(၂)ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

ပြစ်ဒဏ်ဘော ကန်သွင်းတဲ့ ဘောလုံးကို ခေါင်းတိုက်ဖျက်ထုတ်ရင်း အခန့်အသင့်ကာ မူးလဲသွားတဲ့အတွက် လူနာတင် ယာဥ် အရေးပေါ်ခေါ်ဆောင်ခဲ့ရပေမယ့် အမြန်ဆုံး ပြန်လည်သက်သာလာလို့ ဆေးရုံထိ သွားစရာ မလိုခဲ့ဘူးလို့လည်း သိရ ပါတယ်။

မနေ့က ယှဥ်ပြိုင်ကစားခဲ့တဲ့ ချင်းမိုင်ယူနိုက်တက်နဲ့လန်ပန်အသင်းတို့ပွဲစဥ်မှာ ဘောလုံးမှန်ပြီး မူးလဲသွားတဲ့ အောင်ကောင်း မာန်ကို လူနာတင်ယာဥ်နဲ့ အရေးပေါ် တင်ဆောင်ခဲ့ရပါတယ်။



ဒုတိယပိုင်း မိနစ် ၅၀လောက်မှာ ချင်းမိုင်းအသင်းက ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ဒီဘောလုံးကို အောင်ကောင်းမာန်က ခေါင်းတိုက်ဖြတ်ထုတ်ရာမှာ အခန့်အသင့်ပဲ မူးလဲသွားခဲ့တာပါ။

အရေးပေါ် ဆေးကုသမှု ပေးခဲ့ရာမှာ စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့လို့ လူနာတင်ယာဥ်နဲ့ အမြန်ဆုံး တင်ဆောင်ခဲ့ပေမယ့် ကားပေါ် မှာ ဆက်လက်ကုသပေးခဲ့ရာမှာတော့ဆေးရုံထိသွားစရာမလိုခဲ့ပဲ အဝတ်လဲခန်းအတွင်းမှာပဲ ပြန်လည်သက်သာလာခဲ့တယ်လို့ လည်း အောင်ကောင်းမာန်ကိုယ်တိုင်က လူမှုန်ကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ အောင်ကောင်းမာန်ရဲ့ ကျန်းမာရေး အခြေအနေဟာ ခေါင်း နည်းနည်း နောက်နေတာက လွဲပြီး အားလုံး ပြန်လည်ကောင်းမွန်နေပြီ ဖြစ်တယ်လို့လည်းသိရပါတယ်။

“အောင်ကောင်းမာန် ပြန်သက်သာပါပြီ၊ခေါင်းနည်းနည်းနောက်နေတာကလွဲပြီး ကျန်တာ အားလုံးကောင်းပါတယ်။အန်ချင် တာမျိုးဖြစ်ရင်တော့ အသင်းကို အကြောင်းကြားပြီး  ဆေးရုံကို တန်းသွားဖို့ မှာထားပါတယ်။”လို့ အောင်ကောင်းမာန်ရဲ့ အေးဂျင့် ကိုရဲနိုင်ဝင်းက လူမှုစာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။



အောင်ကောင်မာန်ရဲ့ လန်ပန်အသင်းနဲ့ ကစားခဲ့တဲ့ ချင်းမိုင်ယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ကျော်ကိုကို ပါဝင်ကစားနေတဲ့ အသင်းဖြစ်ပါတယ်။

ကျော်ကိုကိုကတော့ ဒဏ်ရာ အရှင်းမပျောက်သေးလို့ အဆိုပါပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ အောင်ကောင်းမာန်နဲ့ ကျော်ကိုကိုတို့ အတူပူးတွဲ ဓာတ်ပုံ ရိုက်ခဲ့ကြပါသေးတယ်။

“အခု ကျွန်တော်သက်သာနေပါပြီ ခေါင်းကိုအရှိန်ပြင်းပြင်းနဲ့ထိမိသွားလို့ အရမ်းမူးပြီးမထနိုင်ဘူး ဖြစ်သွားတာပါ။ ထိချက်ပြင်းတာကြောင့် မူးပြီးအံတွေကြိတ်ထားလို့ဆိုပြီး အသင်းဖော်တွေကလဲ စိုးရိမ်ပြီ Ambulance ခေါ်လိုက်ကြ တာပါ။ကားပေါ်ရောက်ပြီး တဖြေးဖြေးပြန်အဆင်ပြေလာတာကြောင့် ဆေးရုံမသွားရပဲ နားနေခန်းထဲမှာ ဆရာဝန်တွေ နဲ့ရှိနေခဲ့ပါတယ်။

မနက်ဖြန်မှာ ဆေးရုံသွားပြီး လိုအပ်မဲ့စစ်ဆေးမှုလေးတွေ ပြုလုပ်ပါမယ်ခင်ဗျာ။အခုလို အခန့်မသင့်လို့ ဖြစ်သွားတဲ့အပေါ်မှာ အားလုံးစိတ်ပူပေးကြလို့ စိတ်ပူအောင်လုပ်မိလို့ အားလုံးကိုကျေးဇူးလဲတင် တောင်းလဲတောင်းပန်ပါ တယ်ခင်ဗျာ။ဒီနေ့ကျွန်တော်အမြဲ လေးစားအားကျအတုယူရတဲ့ အကြီးပီသပြီး အငယ်တွေကိုလက်တွဲခေါ်ပေးတတ်တဲ့ စီနီယာကြီး ကိုကျော်ကိုကိုနဲ့တွေ့ခွင့်ရတဲ့အတွက် အရမ်းပျော်ရပါတယ်ဗျာ။” လို့ အောင်ကောင်းမာန်က သူ့ရဲ့ လူမှု စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါသေးတယ်။

အောင်ကောင်းမာန်ကတော့ ထရတ်အက်ဖ်စီ အသင်းမှာ ကစားနေတာ ဖြစ်ပေမယ့် လန်ပန်အသင်းကို အငှားနဲ့ သွား ကစားနေတာ ဖြစ်ပြီး အောင်ကောင်းမာန်ရဲ့ ထရတ်အက်ဖ်စီ အသင်းမှာတော့ နောက်ထပ် မြန်မာ့လက်ရွေးစင် တိုက်စစ် မှူး တစ်ဦးဖြစ်တဲ့ ဆွမ်လန်မန် ကစားနေပါတယ်။

Share

Loading Next Article...
က္က