လက်ရှိအချိန်မှာတော့ အောင်သူ ဘူရီယမ်အသင်းကိုရောက်ရှိနေပြီး စာချုပ်သက်တမ်းနဲ့လစာကိစ္စညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ ရတနာပုံအသင်းမန်နေဂျာ ကိုအတာဦးက Duwun Sports ကိုပြောပါတယ်။

ထိုင်းပရီးမီးယားလိဂ်ကလပ် ဘူရီယမ်ယူနိုက်တက်အသင်းဟာ ရတနာပုံအသင်းက မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို စာချုပ်ဖျက်သိမ်းကြေးဒေါ်လာငါးသောင်းနဲ့ခေါ်ယူနိုင်ခဲ့ပြီလို့ ရတနာပုံအသင်းက Duwun Sports ကိုအတည်ပြုပါတယ်။ 

ဘူရီယမ်ယူနိုက်တက်အသင်းဟာ အောင်သူကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းကခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အသင်းနှစ်သင်းအကြား တရားဝင်ညှိနှိုင်းမှုပြုလုပ်ချိန်ကြာမြင့်နေတဲ့အတွက်နှောင့်နှေးနေရတာဖြစ်ပါတယ်။ ရတနာပုံအသင်းက အောင်သူရဲ့လက်ကျန်စာချုပ်သက်တမ်းကို ဖျက်သိမ်းပေးလိုက်တာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေးအဖြစ် ဒေါ်လာငါးသောင်းကို ဘူရီယမ်အသင်းထံကနေရရှိမှာပါ။ လက်ရှိအချိန်မှာတော့ အောင်သူ ဘူရီယမ်အသင်းကိုရောက်ရှိနေပြီး စာချုပ်သက်တမ်းနဲ့လစာကိစ္စညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ ရတနာပုံအသင်းမန်နေဂျာ ကိုအတာဦးက Duwun Sports ကိုပြောပါတယ်။ 

အောင်သူဟာ ၂၀၁၈မှာ ပထမဆုံးထိုင်းလိဂ်အတွေ့အကြုံအဖြစ် ပူးလစ်တယ်ရိုအက်ဖ်စီအသင်းမှာတစ်ရာသီကစားခဲ့ပြီး ၃၁ပွဲမှာ ၁၁ဂိုးသွင်းယူနိုင်ခဲ့ကာ၂၀၁၉ဘောလုံးရာသီမှာတော့ မြောင်တောင်ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ မြောင်တောင်ယူနိုက်တက်မှာ အောင်သူ ပွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရပြီး ဘရာဇီးနည်းပြ ဂါမာလက်ထက်မှာ ပွဲထွက်ကစားခွင့်ပြန်ရခဲ့ကာ သွင်းဂိုး ၃ဂိုးရခဲ့ပါတယ်။ ၂၀၁၉ဘောလုံးရာသီအပြီးမှာတော့ အောင်သူအနေနဲ့ မိခင်ကလပ်ရတနာပုံကိုပြန်လည်ပြောင်းရွှေ့ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်တစ်ရာသီကစားခဲ့ပါတယ်။ လက်ရှိ ဘူရီယမ်ယူနိုက်တက်နည်းပြ ဂါမာက အောင်သူနဲ့အတူ မြောင်တောင်ယူနိုက်တက်မှာလက်တွဲခဲ့ဖူးသူဖြစ်ပြီး အောင်သူ့ကိုဘူရီယမ်ကခေါ်ယူရာမှာလည်း သူ့ရဲ့တောင်းဆိုမှုပါဝင်တယ်လို့ ထိုင်းမီဒီယာတွေကဖော်ပြပါတယ်။ 



က္က