ဟံသာဝတီယူနိုက်တက်အသင်းအနေနဲ့ ဂိုးသမားပြည့်ဖြိုးအောင်ကို သုံးနှစ်စာချုပ်,ချုပ်ဆိုထားပြီး ရဲရင့်အောင်နဲ့လည်း ရက်ပိုင်းအတွင်းအပြီးသတ်စာချုပ်မယ်လို့လည်းဖော်ပြထားပါတယ်။

လာမယ့်နှစ်ဘောလုံးရာသီမှာ AFC Cup ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ ဟံသာဝတီယူနိုက်တက်အသင်းဟာ ဆောက်သမ်းဂိုးသမား ပြည့်ဖြိုးအောင်ခေါ်ယူနိုင်ခဲ့ပြီးနောက် ရတနာပုံနောက်ခံလူ ရဲရင့်အောင်ကို ခေါ်ယူဖို့သဘောတူညီမှုရခဲ့ပြီလို့ အသင်း Facebook စာမျက်နှာကနေ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဟံသာဝတီယူနိုက်တက်အသင်းဟာ လာမယ့်နှစ်ဘောလုံးရာသီအတွက် အသင်းကို ကစားသမားအားဖြည့်မှုတွေပြုလုပ်နေရာမှာ လက်ရွေးစင်အဆင့်ကစားသမားတွေကို အဓိကထားခေါ်ယူအားဖြည့်မယ်လို့ ကြေညာထားပြီး ပြည်ပကစားသစ်တစ်ဦးလည်းရှာဖွေနေတယ်လို့သိရပါတယ်။ ဟံသာဝတီယူနိုက်တက်အသင်းအနေနဲ့ ဂိုးသမားပြည့်ဖြိုးအောင်ကို သုံးနှစ်စာချုပ်,ချုပ်ဆိုထားပြီး ရဲရင့်အောင်နဲ့လည်း ရက်ပိုင်းအတွင်းအပြီးသတ်စာချုပ်မယ်လို့လည်းဖော်ပြထားပါတယ်။ 

ရဲရင့်အောင်က ဟံသာဝတီယူနိုက်တက်အသင်းနည်းပြချုပ်ဦးမျိုးမင်းထွန်းရဲ့ခေါ်ယူမယ့်ကစားသမားစာရင်းမှာပါဝင်သူဖြစ်ပြီး ဘုတ်အဖွဲ့ရဲ့ခွင့်ပြုချက်နဲ့အတူခေါ်ယူဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရဲရင့်အောင်က ၂၀၁၉ဆီးဂိမ်းမှာကြေးတံဆိပ်ရခဲ့တဲ့ မြန်မာယူ-၂၃အသင်းရဲ့အဓိက နောက်ခံလူတစ်ဦးဖြစ်ပြီး ရတနာပုံအသင်းရဲ့အဓိက,ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ရတနာပုံအသင်းဟာ လာမယ့်နှစ်ဘောလုံးရာသီမတိုင်ခင်မှာ အဓိကတိုက်စစ်မှူး အောင်သူကို ထိုင်းကလပ် ဘူရီယမ်ကိုရောင်းချခဲ့သလို ရဲရင့်အောင်ကိုလည်း ဟံသာဝတီအသင်းကိုပြောင်းရွှေ့ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ 



က္က