မြန်မာကလပ်အသင်းတွေဟာ အာရှအဆင့် ပြိုင်ပွဲတွေမှာ အုပ်စုအဆင့်နဲ့သာ အမြဲတမ်းလိုလို လှည့်ပြန်နေရတာပါ။

မြန်မာနေရှင်နယ်လိဂ်မှာ မကွေးအသင်း ဖျက်သိမ်းသွားပြီ ဖြစ်သလို ဆောက်သမ်းအသင်းကလည်း ၂၀၂၁ခုနှစ်ကို မပြိုင်တော့ဖို့ စာတင်ထားပါတယ်။

အာဆီယံ ဒေသတွင်း ကလပ်အသင်းများရဲ့ အာရှအဆင့် ပြိုင်ပွဲများဝင်ခွင့် အဆင့်များကိုယနေ့မှာ အာရှဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ပေးလာပါတယ်။



အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများရဲ့ ၂၀၂၁ခုနှစ်အတွက် ဝင်ခွင့်များမှာ ယခင်နှစ်ထက် အနည်းငယ် ကျဆင်းသွားတာတွေ့ရပါတယ်။

၂၀၂၀ခုနှစ်အထိ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံအသင်းက အာရှချန်ပီယံလိဂ် ပြိုင်ပွဲကို ပထမအဆင့် ခြေစစ်ပွဲက တဆင့် ဝင်ခွင့်ရထားပြီး ရှုံးထွက်ချန်ပီယံအသင်းက AFC CUPပြိုင်ပွဲကို အုပ်စုအဆင့်က တိုက်ရိုက်ကစားခွင့်ရထား တာပါ။

ဒါပေမယ့် ယခုအခါမှာတော့ ၂၀၂၁ခုနှစ်အတွက် အာရှအဆင့် ဝင်ခွင့်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် လိဂ်ချန်ပီယံ က ပထမအဆင့်ခြေစစ်ပွဲကနေ ဝင်ခွင့်ရထားပေမယ့် AFC CUPပြိုင်ပွဲမှာတော့ မူလ အုပ်စုအဆင့်ကို တိုက်ရိုက်ဝင် ခွင့်ရထားရာမှ ယခုအခါ ခြေစစ်ပွဲကနေတဆင့် ကစားရပါတော့မယ်။

ဒီလိုမျိုး အဆင့်သတ်မှတ်ချက်တွေ ကျဆင်းသွားတာဟာ မြန်မာနေရှင်နယ်လိဂ်မှာ ကလပ်အသင်းတွေ ဖျက်သိမ်း သွားတာနဲ့ သက်ဆိုင်မလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ - “ ကလပ်အသင်းတွေ လျော့နည်းသွားတာနဲ့ မဆိုင်ပါ ဘူး။အဓိကက အရင်နှစ်တွေက ယှဥ်ပြိုင်ခဲ့ကြတဲ့ အသင်းတွေရဲ့ ရလဒ်တွေအပေါ်မှာပဲ မူတည်ပါတယ်၊ကျွန်တော် တို့အသင်းတွေက အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွေမှာဆိုရင်လည်း မအောင်မြင်ပဲ အမြဲတမ်းရှုံးပြီး AFC CUPကိုသာ အုပ်စုကနေဝင်ပြိုင်ခွင့်ရပါတယ်။အဲ့လို ရလဒ်တွေအပေါ်မှာ အေအက်ဖ်စီက အမှတ်တွေပေးပြီး အဆင့်သတ်မှတ် တာပါ။ဒါကြောင့် လာမယ့်နှစ်အတွက် အဆင့် သတ်မှတ်ချက်ကျဆင်းပြီး ခြေစစ်ပွဲကတဆင့် ဝင်ခွင့်ရတော့တာ ပါ။”လို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က DuwunSportsကိုပြောပါတယ်။

မြန်မာကလပ်အသင်းတွေအနေနဲ့ အာဆီယံဇုန်မှာဆိုရင် အဆင့်အမြင့်ဆုံးအဖြစ် ၂၀၁၈ခုနှစ်တုန်းက ရန်ကုန်ယူ နိုက်တက်အသင်း ဇုန်ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။

ကျန်နှစ်များမှာတော့ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပြီး ယခုနှစ်မှာတော့  AFC CUPကို လိဂ်ချန်ပီယံ တစ်သင်း တည်းသာ တိုက်ရိုက်ဝင်ခွင့်ရှိပါတော့တယ်။

“လာမယ့် လထဲမှာ အေအက်ဖ်စီကနေ ပြိုင်ပွဲဝင်ခွင့်ရတဲ့ ရှမ်းနဲ့ ဟံသာဝတီအသင်းက မန်နေဂျာနဲ့ မီဒီယာ တာဝန် ရှိသူတို့ကို အွန်လိုင်းကတဆင့် အစည်းအဝေးလုပ်ပြီး ဘာကြောင့် ခြေစစ်ပွဲအဆင့်ကနေဝင်ခွင့်ရတာတွေ ယခင်နှစ် ရလဒ်တွေနဲ့ အမှတ်တွက်ချက်ပုံတွေကို အသေးစိတ်ရှင်းပြဖို့ရှိပါတယ်။အဲ့ဒါပြီးရင်တော့ လာမယ့်နှစ်အတွက် အဆင့် သတ်မှတ်ချက်တွေ ရှင်းလင်းသွားမှာပါ။”လို့ ဦးစိုးမိုးကျော်က ဆက်လက်ပြောပါတယ်။

အာရှချန်ပီယံလိဂ်မှာ ခြေစစ်ပွဲကစားရမယ့် ရှမ်းယူနိုက်တက်အသင်းက ခြေစစ်ပွဲအောင်သွားရင် ဒုတိယနေရာက ဟံသာဝတီအသင်းက ခြေစစ်ပွဲကစားစရာမလိုတော့ပဲ AFC CUPကို အုပ်စု တိုက်ရိုက်ကစားခွင့်ရသွားမှာ ဖြစ်သလို တတိယနေရာက ဧရာဝတီအသင်းက ခြေစစ်ပွဲ အစားထိုးကစားပြီး အောင်မြင်ခဲ့ရင် အာရှအဆင့် ပြိုင်ပွဲ ၂ရပ်ကို မြန်မာ ကလပ် ၃သင်း အုပ်စုကနေပါဝင်ခွင့်ရသွားမှာပါ။

မြန်မာကလပ်အသင်းတွေကို အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအဆင့်တွေမှာ အမြဲတမ်း လိုလို အနိုင်ရခဲ့တဲ့ ဖိလစ်ပိုင် ကလပ် စီးရက်စ်နီဂရိုးကြောင့် ဖိလစ် ပိုင် ကလပ်အသင်းတွေဟာ ဆီဒင်အဆင့် တက်သွားပြီး အာရှချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာကို တိုက်ရိုက် ရရှိသွားသလို ခြေစစ်ပွဲကနေလည်း တစ်နေရာဝင်ခွင့်ရသွားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က