အောင်ကောင်းမာန်ဟာ ခွန်ကန်အသင်းရဲ့ ပထမဆုံး အာဆီယံ ကစားသမားခေါ်ယူမှု ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းလိဂ်-၂ကလပ် လန်ပန်အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်ကောင်းမာန်ကို လိဂ် -၂ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ခွန်ကန်အသင်းက လက်ကျန် ရာသီဝက် အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။

အောင်ကောင်းမာန်အနေနဲ့ မူလ လိဂ်-၁အသင်းဖြစ်တဲ့ ထရတ်အက်ဖ်စီအသင်းမှာ တစ်ရာသီစာချုပ်နဲ့ သွားကစားခဲ့တာပါ။

ဒါပေမယ့်လည်း လန်ပန်အသင်းကို တစ်ရာသီအငှားနဲ့ ပြန်လည်အငှားချခြင်း ခံခဲ့ရပြီး အဲ့နောက် လန်ပန် အသင်း က တဆင့် ယခု ခွန်ကန်အသင်းထံ ဆက်လက် အငှားချ ကစားစေခြင်း ခံရတာပါ။

“ထရတ်အက်ဖ်စီနဲ့က မဆိုင်တော့ပါဘူး။အခုက လန်ပန်ကတဆင့် အငှားသွားကစားတယ်လို့ ဆိုရမှာပါ။စာချုပ် သက်တမ်းကတော့ လက်ကျန် ရာသီဝက်အငှား ဖြစ်ပြီး ခြေစွမ်းကြိုက်ရင် နောက်ထပ်တစ်နှစ် ထပ်ချုပ်မယ်လို့ လည်း နှုတ်တ်နဲ့ သဘောတူထားပါတယ်။လစာခံစားခွင့်တွေကတော့ အရင် ထရက်အက်ဖ်စီနဲ့ မကွာပါဘူး။”လို့ အောာင်ကောင်းမာန်ရဲ့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းက DuwunSportsကို ပြောပါတယ်။

ခွန်ကန်အသင်းအနေနဲ့ အောင်ကောင်းမာန်ကို ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ စောင့်ကြည့်ခဲ့ပြီး အဲ့ဒီတုန်းက အောင် ကောင်းမာန်ရဲ့ ကစားပုံနဲ့ ဂိုးသွင်းနိုင်မှု စွမ်းရည်တွေဟာ ထိုင်းရဲ့ နာမည်ကျော်လူငယ်တိုက်စစ်မှူးလေး စူပါနပ်စ် နဲ့တောင် တူညီမှု ရှိနေတယ်လို့လည်းသုံးသပ်ဖော်ပြထားပါသေးတယ်။

ဒါ့အပြင် အောင်ကောင်းမာန်ဟာ ခွန်ကန်အသင်းရဲ့ ပထမဆုံး အာဆီယံ ကစားသမားခေါ်ယူမှုလည်း ဖြစ်တယ်လို့ သိရပါတယ်။

ခွန်ကန်အသင်းကတော့ လိဂ်-၁ကို တန်းတက်ဖို့အဓိကထား ပြင်ဆင်နေတဲ့ အသင်းဖြစ်ပြီး လက်ရှိမှာလည်း လိဂ်-၂ မှာ အဆင့် ၂၌ရပ်တည်နေပါတယ်။



က္က