Kyaw Ko Ko Sint

၂၀၂၁ခုနှစ်ထဲမှာ ယှဥ်ပြိုင်ရမယ့် ပြိုင်ပွဲတွေအတွက် ကြိုတင် ပြင်ဆင်မှုကိုတော့ ဇန်နဝါရီလ ၁၀ရက်မှ မတ်လ ၁၄ ရက်အထိ လုပ်ဆောင်မယ်လို့လည်း သိရပါတယ်။

၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းမှာ တတိယ ကြေးတံဆိပ် ဆု ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ မြန်မာ့လက်ရွေး စင် ယူ-၂၂ အသင်း နည်းပြ ဗီလီဇာပိုပေါ့ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တစ်နှစ် ထပ်မံ သက်တမ်းတိုးလိုက် တယ်လို့ သိရပါတယ်။

စာချုပ်သက်တမ်းတိုးတဲ့ သတင်းနဲ့ ပတ်သက်ပြီး နည်းပြကြီး ပိုပေါ့က သူ့ရဲ့ ဖေ့စ်ဘုတ်လူမှု စာမျက်နှာထက်မှာ တရားဝင်ရေးသားဖော်ပြလာတာပါ။

“၂၀၂၁ခုနှစ်အထိ အဖွဲ့ချုပ်ဖက်က စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခံရတဲ့အတွက် အင်မတန်မှ ဝမ်းသာပြီး ဒီကမ်း လှမ်းမှုကို လက်ခံပါတယ်။ လက်ရှိမှာလည်း ကျွန်တော် တည်ဆောက်ထားတဲ့အသင်းလေးဟာ နည်းစနစ်ပိုင်း၊ဗျူ ဟာပိုင်း၊စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာတွေမှာလည်း တိုးတက်နှင့်ပြီး ဖြစ်ပါတယ်။တစ်ဦးချင်းစီနဲ့ အသင်းလိုက် စွမ်းဆောင်ရည်ပိုင်းလည်း တိုးတက်လာပါပြီ။ဒါပေမယ့် ကိုဗစ် ကူးစက်ရောဂါ ပျံ့နှံ့နေတဲ့ ကာလမှာတော့ ဒါ တွေကိုဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိပဲ ရပ်ထားရပါတယ်။”လို့ ပိုပေါ့က ရေးသားဖော်ပြထားပါတယ်။

ဆက်လက်ရေးသားဖော်ပြထားချက်အရ ၂၀၂၁ခုနှစ်ထဲမှာ ဆီးဂိမ်းပြိုင်ပွဲ တစ်ကျော့ ပြန်လာပြီ ဖြစ်သလို အခြား ပြိုင်ပွဲတွေအဖြစ် အေအက်ဖ်စီခြေစစ်ပွဲ၊အာဆီယံ ချန်ပီယံရှစ်ပွဲတွေ ရှိနေတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေကို လည်း ဇန်နဝါရီလ ၁၀ရက်နေ့မှ မတ်လ ၁၄ရက်နေ့ မတိုင်ခင်အတွင်း ပြင်ဆင်သွားမယ်လို့ သိရပါသေးတယ်။

 ပိုပေါ့ လက်ထက်မှာတော့ မြန်မာ ယူ-၂၂အသင်းကလေးကို အကောင်းဆုံး တည်ဆောက်ထားနိုင်ပြီး ဆီးဂိမ်းပြိုင် ပွဲမှာလည်း အကောင်းဆုံး ယှဥ်ပြိုင်ပြနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပိုပေါ့ရဲ့အသင်းမှ ကွင်းလယ်လူ မြတ်ကောင်းခန့်မှာလည်း ထိုင်းကလပ် ချိုင်းနက်စ်အက်ဖ်စီမှာ သွားရောက် ကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး အောင်ကောင်းမာန်ဟာဆိုရင်လည်း လက်ရှိအချိန်မှာ ထိုင်းကလပ် ခွန်ကန် အသင်းမှာ ကစားနေပါတယ်။


Author


က္က