ဆူခိုထိုင်းအသင်းက အငှားကြေး မပေးရဘူးလို့ သိရပါတယ်။

နှစ်ဖက်အသင်း ညှိနှိုင်းပြီး ကစားသမားကို ရာသီဝက်အငှားနဲ့ ပို့ဆောင်ပေးခြင်းဖြစ်လို့ အငှားကြေး ပေးဆောင် စရာ မလိုခဲ့ဘူးလို့လည်း သိရပါတယ်။

ရတာနာပုံအသင်းက မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ လှိုင်းဘိုဘိုကို ဆူခိုထိုင်းအသင်းထံ ရာသီဝက်အငှားနဲ့ သွားရောက် ကစားစေမယ်လို့ယနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။



လက်ရှိမှာ မြန်မာနေရှင်လိဂ်အနေနဲ့ ၂၀၂၁ခုနှစ် လိဂ်ပြိုင်ပွဲကို ပြန်လည်မစတင်နိုင်သေးပဲ အနည်းဆုံး ဧပြီလ လောက်မှသာ စတင်နိုင်ဖွယ်ရှိနေပါတယ်။

ဒါကြောင့် ဒီကာလမှာ မြန်မာ့လက်ရွေးစင် ကစားသမားအနေနဲ့ ဘောလုံးနဲ့ မဝေးစေဖို့ အဓိက ရည်ရွယ်ပြီး ပို့ဆောင်ပေးခြင်း ဖြစ်တယ်လို့လည်း ရတနာပုံအသင်း အထွေထွေမန်နေဂျာ ဦးအတာဦးက DuwunSportsကို ပြောပါတယ်။

“အဓိကကတော့ ဒီမှာ လိဂ်မစတင်သေးချိန်မှာ ကစားသမားအနေနဲ့ ဘောလုံးနဲ့ မဝေးသွားအောင်အခုလို စီစဥ်ပေး ရခြင်းဖြစ်ပါတယ်။ထိုင်းလိဂ်ရဲ့ လက်ကျန် ရာသီဝက်အတွက်သာ ပို့ဆောင်ပေးခြင်းဖြစ်ပြီး အငှားပြည့်ရင်တော့ အသင်းကို ပြန်လာမှာပါ။”လို့ ဦးအတာဦးက ပြောပါတယ်။

အခုလို ဆူခိုထိုင်းအသင်းက အငှားနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း အငှားစရိတ် ပေးဆောင်ရခြင်းမရှိပဲ နှစ်ဖက် အသင်း ညှိနှိုင်းဆောင်ရွက်ပြီး ကစားသမားကို ပို့ဆောင်ပေးခြင်း ဖြစ်တယ်လို့လည်း သိရပါသေးတယ်။

“အငှားခေါ်တာ ဖြစ်ပေမယ့်လည်း အငှားကြေးတော့ မပေးရပါဘူး။နှစ်ဖက်အသင်း ညှိနှိုင်းပြီး ကစားသမားအ တွက် လေ့ကျင့်ရေးနဲ့ ပွဲကစားရအောင် စီစဥ်ပေးတာပါ။ အငှားပြည့်ရင်တော့ ပြန်လာမှာပါ။”လို့ ဦးအတာဦးက ဆက်လက်ပြောပါတယ်။

လှိုင်းဘိုဘို အခု သွားရောက်မယ့် ဆူခိုထိုင်းအသင်းမှာ မြန်မာ့လက်ရွေးစင် နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဇော်မင်း ထွန်း ကစားနေပါတယ်။

လှိုင်းဘိုဘိုရဲ့ လစာနဲ့ စာချုပ်ပါ အခြား ခံစားခွင့်တွေကတော့ ကလပ်အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးမှသာ တရားဝင် သိရှိ ထုတ်ပြန်ပေးနိုင်မယ်လို့လည်း သိရပါတယ်။

လှိုင်းဘိုဘိုကတော့ ရတနာပုံနဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ဆီးးဂိမ်းမှာလည်း ပြိုင်ပွဲစည်းမျဥ်းသစ်အရ သက်ကျော်ကစားသမားတစ်ဦးအဖြစ် ပါဝင်ကာ အသင်းကို အကောင်းဆုံး ဦးဆောင်ကစားပေးနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က