ဆွမ်လန်မန်ကို လိဂ်-၃ကလပ် မြောင်ကန်အသင်းက ၂နှစ်စာချုပ်ချုပ်ဆိုထားတာပါ။
Kyaw Ko Ko Sint

လိဂ်-၃မှာအာဆီယံ ကစားသမားခေါ်ယူခွင့်ကို ပိတ်သိမ်းလိုက်ပြီဖြစ်လို့ ဆွမ်လန်မန်ကို မြောင်ကန်အသင်း နိုင်ငံ ခြားသား ကစားသမားခေါ်ယူခွင့်နဲ့ ပြန်ခေါ်မလား အခြား တစ်သင်းသင်းကို ထပ်မံ အငှားချမလားဆိုတာ မသိရ သေးပါဘူး။

လိဂ်(၁)ကလပ် ထရက်အက်ဖ်စီအသင်းမှာ ရာသီဝက်အငှားနဲ့ ကစားနေတဲ့ မြောင်ကန်အသင်းက မြန်မာ့လက်ရွေး စင် တိုက်စစ်မှူး ဆွမ်လန်မန်ဟာ အခုဆိုရင် အငှားစာချုပ်ပြည့်လို့ မိခင်ကလပ် မြောင်ကန်အသင်းကို ပြန်သွားရပါ တော့မယ်။

ဆွမ်လန်မန်ကို ပိုင်တာာက လိဂ်-၃ကလပ် မြောင်ကန်အသင်းဖြစ်ပြီး ၂နှစ်စာချုပ်ချုပ်ဆိုထားတာ ဖြစ်လို့ ၂၀၂၂ခုနှစ် အထိ စာချုပ်သက်တမ်းရှိနေတာပါ။

အခုအခါ ထရက်အက်ဖ်စီနဲ့ စာချုပ်ပြည့်လို့ မိခင် ကလပ် မြောင်ကန်အသင်းကို ပြန်ပူးပေါင်းဖို့ကလည်း လိဂ်-၃မှာ အာဆီယံ ကစားသမားခေါ်ယူခွင့်မရှိတော့ဘူး ဖြစ်နေပါတယ်။

“ထိုင်းလိဂ်က ပေါ်လစီပြောင်းလိုက်တာပါ။ကိုဗစ်ကာလမှာ ဖြစ်သွားတာဆိုတော့ ကိုဗစ်ကြောင့်လား အခြား ကြောင့်လားတော့ မပြောတတ်ပါဘူး။သေချာတာက ဆွမ်လန်မန်ကို အာဆီယံ ကိုတာနဲ့ မြောင်ကန်အသင်း ခေါ် ယူလို့ မရတော့ပါဘူး။ဒါကြောင့် နိုင်ငံခြားသားခေါ်ယူခွင့် ကိုတာနဲ့ အသင်းမှာ ခေါ်ကစားမလား၊ဒါဆိုရင် အခြား ခေါ်ယူခွင့်ရှိထားတဲ့ နိုင်ငံခြားသားခေါ်ယူခွင့်ထဲက တစ်ယောက်ကို ဆုံးရှုံးသွားရတော့မှာပါ။ဒီလိုမလုပ်ပဲ အခြား အသင်းတစ်သင်းကို အငှားချမလား ဆိုတာကတော့ သူတို့ ဆုံးဖြတ်ရမှာပါ။”လို့ ဆွမ်လန်မန်ရဲ့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းက DuwunSportsကိုပြောပါတယ်။

ထိုင်းလိဂ်မှာ အာဆီယံ ကစားသမားခေါ်ယူခွင့် ကိုတာကို လိဂ်-၁နဲ့လိဂ်-၂မှာသာ ခွင့်ပြုထားတော့ပြီး လိဂ်-၃မှာ တော့ ပြန်လည်ရုတ်သိမ်းလိုက်တာပါ။

ဒါကြောင့် မြောင်ကန်အသင်းအနေနဲ့ ဒုတိယအကျော့အတွက် ကစားသမားစာရင်းတင်ပြတဲ့အခါ ဆွမ်လန်မန်ကို အာဆီယံ ကစားသမားအဖြစ် ထည့်သွင်းခွင့်မရှိတော့ပဲ နိုင်ငံခြားသားခေါ်ယူခွင့်ကိုတာအနေနဲ့ တင်ပြရမှာပါ။

ဒီလိုဆိုရင် နိုင်ငံခြားသား ခေါ်ယူခွင့် စုစုပေါင်းထဲက တစ်ဦးနေရာမှာ ဆွမ်လန်မန်ကို ထည့်သွင်းရမှာ ဖြစ်လို့ မြောင် ကန်အသင်းအနေနဲ့ ဒီလိုမျိုး လုပ်ဆောင်မလား အခြား အာဆီယံ ကိုတာ ခေါ်ယူခွင့်ရှိနေတဲ့ လိဂ်-၁နဲ့လိဂ်-၂က တစ်သင်းသင်းကို ထပ်မံ အငှားချမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

နောက်ဆုံး ရရှိထားတဲ့ သတင်းအရ ဆွမ်လန်မန်ကို လိဂ်-၂ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ချိုင်းနတ်အက်ဖ်စီ အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ချိုင်းနတ်အက်ဖ်စီအသင်းကတော့ ယခင် မြန်မာ့လက်ရွေးစင် လူငယ်ကစားသမား မြတ်ကောင်းခန့်ကို ခေါ်ယူ ခဲ့ဖူးပါတယ်။


Author


က္က