ကိုဗစ်ကူးစက်ရောဂါကြောင့် တစ်ကမ္ဘာလုံး ထိခိုက်ဆုံးရှုံးမှုများစွာ ရှိခဲ့တဲ့အထဲမှာ မြန်မာ့အားကစား လောကလည်း အပါအဝင် ဖြစ်ပါတယ်။
Kyaw Ko Ko Sint

၂၀၂၀ခုနှစ်မှာ ကိုဗစ်ကူးစက်ရောဂါကြောင့် တစ်ကမ္ဘာလုံး ထိခိုက်ဆုံးရှုံးမှုများစွာ ရှိခဲ့တဲ့အထဲမှာ မြန်မာ့အားကစား လောကလည်း အပါအဝင် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၃ရက်နေ့က ကိုဗစ်ပိုးတွေ့လူနာ တွေ့ရှိခဲ့ရာက စတင်ပြီး တားမြစ်ချက်တွေ၊ပိတ်ပင်မှုတွေ၊ ပြုလုပ်ခဲ့တာကြောင့် ပုံမှန်လည်ပတ်နေတဲ့ အားကစား ရဟတ်ကြီးဟာ ရုတ်တရက် ရပ်တန့်ခဲ့ရပါတယ်။

၂၀၂၀ခုနှစ်အတွင်း ကျင်းပဖို့ လျာထားတဲ့ ပြိုင်ပွဲတွေကို ၂၀၂၁ခုနှစ်ကို ရွှေ့ဆိုင်းလိုက်ရပြီး ကျင်းပဆဲ ပြိုင်ပွဲတွေ ဟာလည်း အမြန်ဆုံးပြီးစီးအောင် ခပ်သွက်သွက် ကျင်းပခဲ့ရပါတယ်။

ဒါကြောင့် ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ကူးစက်ရောဂါကြောင့် သိသိသာသာ ထိုးနှက်ခံခဲ့ရတဲ့ မြန်မာ့အားကစား လောကရဲ့ အဖြစ်အပျက်အချို့ကို DuwunSports ပရိသတ်တွေအတွက် စုစည်း ဖော်ပြပေးလိုက်ပါတယ်။

Photo - One Championship

အောင်လအန်ဆန် ရှုံးပွဲ

---------------------------

တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ် အန္တရာယ်ဟာ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံး ချစ်ခင် လေးစားရတဲ့ အောင်လအန်ဆန်ကိုလည်းအလွတ်မပေးခဲ့ပါဘူး။အောင်လဟာ ဒီရစ်ဒါနဲ့ ထိုးသတ်ဖို့ လေ့ကျင့်ပြင်ဆင်နေတဲ့ ကာလမှာ ကိုဗစ် ကူးစက်ခံလိုက်ရပါတယ်။ဇူလိုင်လ ၃ရက်နေ့မှာ ကိုဗစ်ကူးစက်ခံထားရပြီလို့ အောင်လက သူ့ရဲ့ လူမှုစာမျက်နှာထက်ကနေ ကြေငြာပေးခဲ့ပါတယ်။ဒါပေမယ့် ကိုဗစ်ကြောင့် ဝေဒနာ တစ်စုံတရာ မခံစားခဲ့ရပဲ နေ အိမ်မှာပဲ သီးသန့်နေထိုင်ခဲ့ကာ ၁၇ရက်နေ့မှာတော့ ပြန်လည်ပျောက်ကင်းခဲ့ပါတယ်။

အဲ့နောက် အောက်တိုဘာ ၃၁ရက်နေ့မှာတော့ အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်ခါးပတ်ကာကွယ်ပွဲအဖြစ် စိန် ခေါ်သူ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနဲ့ စင်ကာပူနိုင်ငံမှာ ရင်ဆိုင်ထိုးသတ်ခဲ့ပါတယ်။ ပွဲမတိုင်ခင်မှာ ကိုဗစ်ကူးစက် ခံထားရလို့ အောင်လ အားနည်းနေမှာကို ပရိသတ်တွေက စိုးရိမ်နေခဲ့ကြပါတယ်။ဒါပေမယ့်လို့ ပရိသတ်တွေကို မစိုးရိမ်ပဲ ဒီရစ်ဒါနဲ့ပွဲမှာ အကောင်းဆုံး ဖြစ်နေမှာပါလို့ DuwunSportsနဲ့ သီးသန့် အင်တာဗျူးမှာ အောင်လက ပြန်လည်ပြောထားခဲ့ပါသေးတယ်။

ပွဲနေ့မှာတော့ အောင်လဟာ သူအားသန်တဲ့ ချုပ်ကွက်နဲ့ပဲ ဒီရစ်ဒါကို အရှုံးပေးလိုက်ရပြီး မြန်မာတစ်နိုင်ငံလုံး တစ်မိနစ်ခန့် ငြိမ်သက်သွားသလား ထင်မှတ်ခဲ့ရပါတယ်။ ပိုဆိုးတာက ပွဲစလို့ ပထမအချီအတွင်းမှာပဲ အောင်လ ရှုံးသွားတာပါ။အောင်လဟာ ဒီပွဲမတိုင်ခင် ရှုံးပွဲမရှိတာ ၃နှစ်လောက်ရှိပါပြီ။ခါးပတ်နှစ်ခုကို ပိုင်ဆိုင်ထားတာ ကြောင့် အောင်လဟာ လိုက်ဟဲဗီးဝိတ်ခါးပတ်ချန်ပီယံအဖြစ် ရှိနေဆဲပါ။

Photo- Aung La NSang Facebook

ဒီရှုံးပွဲဟာ အောင်လ ကိုဗစ်ဖြစ်ထားလို့ အားနည်းနေတာကြောင့်လို့ ပရိသတ်တွေကတော့ ဂရုဏာ သက်နေကြ ပေမယ့် အောင်လကိုယ်တိုင်ကတော့ ကိုဗစ်နဲ့ မဆိုင်ပဲ ပြိုင်ဖက်ရဲ့ ချုပ်ကွက်က ကောင်းခဲ့လိုသာ အငိုက်မိပြီး ရှုံး သွားတာ ဖြစ်တယ်လို့ ပြန်လည်ပြောပြထားပါတယ်။

ကိုဗစ်နှင့်အတူ လွင့်စင်ခဲ့တဲ့ MNL

------------------------------

၂၀၂၀ခုနှစ်အတွင်း ကိုဗစ်ရိုက်ခတ်မှုဒဏ်ကို မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတွေလည်း အလူးအလဲ ခံစားခဲ့ရ ပါတယ်။ ပထမအကျော့ပြီးဖို့ တစ်ပွဲအလိုလောက်မှာ ကိုဗစ်ဖြစ်လို့ လိဂ်ကို ခဏရပ်နားခဲ့ရပြီး ကိုဗစ်သတ်မှတ် စည်းမျဥ်းတွေနဲ့အတူ လက်ကျန်ပွဲတွေကို ဆက်လက်ကျင်းပနိုင်ခဲ့ပါတယ်။ဒါပေမယ့် ပုံမှန်လို အိမ်ကွင်းအဝေးကွင်း မကျင်းပနိုင်တော့ပဲ ရန်ကုန်မှာသာ ပွဲအားလုံးကို ကျင်းပခဲ့ရတာပါ။

Photo - Magwe Fc

ဒီလိုကျင်းပရာမှာလည်း လိဂ်-၂နဲ့ လူငယ်ပွဲတွေအပါအဝင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပွဲစဥ်တွေကိုတော့ ပြန်လည် ကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါ့အပြင် လိဂ်ပြိုင်ပွဲအပြီးမှာလည်း ၂၀၂၁ခုနှစ်အတွက် ပြင်ဆင်ရာမှာ လိဂ်-၁တစ်ခုတည်းကိုသာ ပြင်ဆင်နေနိုင်ပြီး ဒီကြားထဲကမှ မကွေးအသင်းလုံးဝဖျက်သိမ်းသွားခဲ့ရသလို၊ဆောက်သမ်းမြန်မာအသင်းကလည်း ၂၀၂၁ခုနှစ် ပြိုင် ပွဲကို မပြိုင်နိုင်တော့ပါဘူး။

ဒါကြောင့် လိဂ်-၁မှာ မူလ ၁၂သင်းရှိရာမှ ၁၀သင်းသာ ကျန်တော့ပြီး စစ်ကိုင်းယူနိုက်တက်အသင်းကလည်း အသင်း ဆက်လက်ရပ်တည်ဖို့ တစ်ဦးတည်း မတတ်နိုင်တော့ဘူးလို့ ဥက္ကဌ ဦးဖိုးချစ်က ထုတ်ဖော်ပြောလာပါ တယ်။

၂၀၂၁ခုနှစ် မြန်မာလိဂ်ကို ကျင်းပဖို့ လိဂ်ကော်မတီအစည်းအဝေးတွေကို အကြိမ်ကြိမ်ကျင်းပလျက်ရှိရာ လာမယ့် ဇန်နဝါရီလ ၆ရက်နေ့မှာ ထပ်မံကျင်းပဖို့ ရှိနေပါတယ်။

ဘောလုံးပွဲတွေကျင်းပရာနေရာမှ ကိုဗစ်စင်တာ ဖြစ်သွားရတဲ့ သုဝဏ္ဏကွင်း

---------------------------------

၂၀၂၀ခုနှစ်နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၃၁အထိ ကနဦး ကျင်းပဖို့ စီစဥ်ထားတဲ့ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲဟာ လည်း ကိုဗစ်ကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။

၂၀၂၀ရဲ့ အခုလို အချိန်အခါမျိုးဟာ ဘောလုံးပြိုင်ပွဲတွေရှိလို့ ပရိသတ်တွေဟာ လက်မှတ်တွေ အပြေးအလွှားဝယ် ယူပြီး သုဝဏ္ဏကွင်းပတ်ဝန်းကျင်ဟာ လက်ရွေးစင်အသင်း ဆိုင်းဘုတ်တွေနဲ့ ရဲရဲတောက်နေရမှာပါ။

သို့သော်လည်း ကိုဗစ်ရိုက်ခတ်မှုကြောင့် ၂နှစ်တစ်ကြိမ် ကျင်းပနေတဲ့ ဒီဆူဇူကီးပြိုင်ပွဲဟာလည်း ၂၀၂၁ခုနှစ်ထဲကို ရွှေ့လိုက်ရပါတယ်။

မူလရွှေ့တုန်းက ၂၀၂၁ခုနှစ် ဧပြီကနေ မေ ၈ရက်အတွင်းကျင်းပဖို့ ရွှေ့ခဲ့ပေမယ့် ကိုဗစ်ဒဏ်က အဲ့အချိန်လောက် ထိကို မကျသေးတဲ့အတွက် နောက်ဆုံးမှာတော့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလအထိ ရွှေ့လိုက်ရပါတယ်။

အရင်က ဘောလုံးပွဲကြည့်ဖို့ ကွင်းရှေ့မှာ တန်းစီ လက်မှတ်ဝယ်ယူကြတဲ့သူတွေဟာ အခုဆိုရင် ကိုဗစ်စစ်ဖို့ တန်းစီ နေရကြရပါပြီ။ သုဝဏ္ဏကွင်းရဲ့ လေ့ကျင့်‌ရေးကွင်းတွေဟာလည်း ကလပ်အသင်းတွေ ဘောလုံးမလေ့ကျင့်ရပဲ ကို ဗစ် ကုသရေးစင်တာတွေအဖြစ် ပြောင်းလဲကုန်ပါပြီ။အရင်က မြန်မာအသင်းကို အားပေးတဲ့ ပရိသတ်တွေ အော် ဟစ်သံတွေ၊ဆိုင်းသံဗုံသံတွေကို ဒီအချိန်မှာ ကြားနေရမှာဖြစ်ပေမယ့် အခုတော့ ကိုဗစ်ဒဏ်ကြောင့် အော်ဟစ်ငို ကြွေးသံတွေသာ ကြားနေရပါတော့တယ်။အရင်က ဘောလုံးကွင်းတွေထဲမှာ ပြေးလွှားလှုပ်ရှားနေကြတဲ့ ဘောလုံး အဖွဲ့သားတွေအားလုံးဟာလည်း ကိုဗစ်ရောဂါတိုက်ဖျက်ရေးမှာ စေတနာ့ဝန်ထမ်းတွေအဖြစ် ပြောင်းလဲ လှုပ်ရှား နေကြရပါတော့တယ်......။


Author


က္က