ဦးဇော်ဇော်ကလည်း သိန်း ၅၀၀ ပံ့ပိုးမယ်လို့ သိရပါတယ်။

စစ်ကိုင်းယူနိုက်တက်အသင်းကို ဆက်လက်ရပ်တည်ဖို့ ယနေ့ကျင်းပခဲ့တဲ့လိဂ်ကော်မတီ အစည်းအဝေးမှာ အတည်ပြုခဲ့တယ်လို့ စစ်ကိုင်းယူနိုက်တက်အသင်းပိုင်ရှင် ဦးဖိုးချစ်က DuwunSportsကို အတည်ပြု ပြောပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ဇွဲကပင်၊ချင်းယူနိုက်တက်၊မကွေးအက်ဖ်စီတို့ အသင်းဖျက်သိမ်းခဲ့သလို  ဆောက်သမ်းမြန်မာအသင်းဟာလည်း ၂၀၂၁ခုနှစ် လိဂ်ပြိုင်ပွဲကို မပါဝင်နိုင်တော့ပါဘူး။



ဒါတွေအားလုံးဟာ ကမ္ဘာနှင့်အဝှမ်း ရိုက်ခတ်နေတဲ့ ကိုဗစ် ကပ်ရောဂါ ဒဏ်ကြောင့် ဖြစ်ပြီး ဒီအထဲမှာ စစ်ကိုင်း အသင်းနဲ့ ပါဝင်ဖို့ နီးစပ်ခဲ့ပါတယ်။

စစ်ကိုင်းအသင်းပိုင်ရှင် ဇာတ်သဘင်မင်းသား ဖိုးချစ်ဟာ အသင်းကို ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေပြီလို့ အကြိမ်ကြိမ် ထုတ်ဖော်ပြောထားခဲ့ပေမယ့် ယနေ့ ကျင်းပြပြုလုပ်ခဲ့တဲ့ လိဂ်ကော်မတီအစည်းအဝေးမှာတော့ အသင်းကို ဆက်လက်ရပ်တည်သွားမယ်လို့ အတည်ပြုပြောခဲ့ပါတယ်။

“ကျွန်တော့်ရင်က ဖြစ်လာတဲ့အသင်းကို ဖျက်သိမ်းရဖို့ တွေးတိုင်း ရင်ဘတ်ထဲက အောင့်ပါတယ်။ဒါကြောင့် ဘယ် လောက်ပဲ ခက်ခဲပါစေ ကျွန်တော့်အသင်းလေးကို ကိုဗစ်နဲ့အတူ အပါမခံနိုင်လို့ ဆက်လက် ရပ်တည်ခဲ့တာပါ။ လာမယ့် ၂၀၂၁ခုနှစ်မှာ စစ်ကိုင်းယူနိုက်တက်အသင်း စစ်ကိုင်းတိုင်းဒေသကြီးကို ကိုယ်စားပြုပြီး ဆက်လက် တည် ရှိနေပါမယ်။”လို့ ဇာတ်မင်းသားဖိုးချစ်က DuwunSports ကို ပြောပါတယ်။

ဖိုးချစ်ဟာ ကိုဗစ်ကာလမှာ စစ်ကိုင်းအသင်းကို ဆက်လက်ရပ်တည်နိုင်ဖို့အတွက် လက်ရုံးတော် ဘတ်စ်ကားကြီး တွေကို ရောင်းချခဲ့ရတယ်လို့ ထုတ်ဖော်ပြောထားခဲ့ဖူးပြီး ယခုအခါမှာတော့ ဆက်လက်ရောင်းစရာတော့ မကျန် ပေမယ့်လည်း ရွှေဘိုမှာရှိတဲ့ အိမ်ယာစီမံကိန်း အကောင်အထည်ဖော်နိုင်ရင် အသင်းအတွက် ရပ်တည်ဖို့ အားတစ် ရပ်ရမှာပါလို့ ပြောပါတယ်။

“ကျွန်တော် လက်ရှိအထိတော့ နောက်ထပ် ရောင်းစရာ ဘာမှ မရှိတော့ပါဘူး။ဒါပေမယ့် တစ်ခုတော့ ကျန်ပါ သေးတယ်။အဲ့ဒါက ရွှေဘိုမှာ ရန်ကြီးအောင်စီမံကိန်းလေးကို ကိုယ်ပိုင်မြေဝယ်ပြီး လုပ်ဆောင်ထားတာ ရှိပါတယ်။ ပြင်ထားတော့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ သဘောထားမှတ်ချက်သာ ယူဖို့ ကျန်ပါတော့တယ်။ရှေ့မှာ စိစစ်ရမယ့် အချက်အလက်တွေအားလုံး သတ်မှတ်ချက်တွေ ပြည့်မီကိုက်ညီသွားပြီ၊ဝန်ကြီး လက်မှတ်ထိုးပြီးတာနဲ့ အိမ်ယာ စ ရောင်းလို့ရပါပြီ။ဒါဆိုရင် အဲ့ဒီက ရတဲ့ငွေက အသင်းအတွက် အတိုင်းအတာတစ်ခုအထိ ပံ့ပိုးပေးနိုင်ဖို့ရှိပါတယ်။ အခု ရင်ဆိုင်နေရသလို ကြပ်ကြပ်တည်းတည်းနဲ့ မဟုတ်တော့ပဲ အဆင်ပြေသွားမယ်လို့ မြင်ပါတယ်။”လို့ ဖိုးချစ်က DuwunSportsကိုပြောပြလာပါတယ်။

စစ်ကိုင်းယူနိုက်တ်တက်အသင်းအနေနဲ့ မနှစ်က လိဂ်မှာ ဝင်ပြိုင်ခဲ့ရာမှာလည်း Max Myanmar မှ စပွန်ဆာ ငွေကျပ် သိန်း ၁၀၀၀ ရရှိခဲ့သလို ဇော်ဂျီမြန်မာ တိုင်းရင်းဆေးကုမ္ပဏီကလည်း စပွန်ဆာ ရရှိခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ဦးဇော်ဇော်နိုင်ငံအတွက် လုပ်ပေးနေတာတွေကြောင့် စပွန်ဆာတော့ ထပ်မတောင်းခဲ့ပါဘူး။ ဒါပေမယ့် အခုကျွန်တော် အစည်းအဝေးမှာအသင်းကို ဆက်လက်ရပ်တည်မယ်လို့ ပြောပြီးသွားတော့မှ ဦးဇော် ဇော်က သူ့ရဲ့ လုပ်ငန်းထဲကနေ သိန်း ၅၀၀ စပွန်ဆာပေးမယ်လို့ ပြောခဲ့ပါသေးတယ်။ဒါကလည်း အသင်းအတွက် အထောက်အ ပံ့ဖြစ်တာပေါ့။ကျွန်တော့်အနေနဲ့ ဦးဇော်ဇော် စပွန်ဆာပေးမှ အသင်းကို ဆက်လုပ်မယ်လို့တော့ပြော ခဲ့တာ မဟုတ်ပါဘူး၊ဦးဇော်ကတော့ စေတနာသက်သက်နဲ့ ကျွန်တော့်စကားကို ကြားပြီး အားပေးကူညီတဲ့ သဘော မျိုးနဲ့ ပေးခဲ့တာပါ။ဦးဇော်ကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။”လို့ ဇာတ်မင်းသားဖိုးချစ်က ဆက်လက်ပြောပါတယ်။

စစ်ကိုင်းယူနိုက်တက်အသင်းရဲ့ ၉၅ရာခိုင်နှုန်းလောက်ဟာ စစ်ကိုင်းယူနိုက်တက်အသင်းရောက်မှ ပရော်ဖက်ရှင် နယ်ဘောလုံးသမားဖြစ်လာသူတွေ များတာကြောင့် လူငယ်တွေကို နေရာပေးဖို့ စီစဥ်ထားတယ်လို့လည်း သိရပါ တယ်။

နိုင်ငံခြားသားတွေ ခေါ်ယူမယ့်အရေးကိစ္စကိုတော့ ဆုံးဖြတ်ချက် အလျင်စလို မလုပ်ချင်သေးပဲ အများရဲ့ အကြံပေး မှု၊ဘတ်ဂျက်အနေအထားကို ချိန်ဆပြီးမှ ဆုံးဖြတ်ချက်ချမယ်လို့လည်း ဖိုးချစ်က ပြောပါသေးတယ်။

စစ်ကိုင်းယူနိုက်တက်အသင်း ဆက်လက်တည်ရှိနေတော့မှာ ဖြစ်လို့ မြန်မာနေရှင်လိဂ် ၁ မှာ ကလပ်အသင်း ၁၀ သင်း ကျန်တော့မှာပါ။

Share

Loading Next Article...
က္က