ကမ္ဘာ့ဖလားနဲ့အာရှဖလားခြေစစ်ပွဲတွေ ကစားဖို့ ရှိနေပါတယ်။
Kyaw Ko Ko Sint

မြန်မာအသင်းဟာ ခြေစစ်ပွဲ အုပ်စု(စ)မှာ ၅ပွဲကစားအပြီး ၂ပွဲနိုင် ၃ပွဲရှုံး ၆မှတ်နဲ့ အဆင့် ၄မှာ ရပ်တည်နေကာ အာရှဖလားပြိုင်ပွဲကိုတော့ တတိယအဆင့်(သို့)ခြေစစ်ပွဲအဆင့်ကနေ ဆက်လက်ကစားခွင့်ပိုင်ဆိုင်ထားနိုင်ပါ တယ်။

၂၀၂၂ဖီဖာ ကမ္ဘာ့ဖလားနဲ့၂၀၂၃အာရှဖလား ပြိုင်ပွဲတွေအတွက် ခြေစစ်ပွဲစဥ်များကစားဖို့ ရှိနေတဲ့ မြန်မာ့လက်ရွေး စင် အမျိုးသား ဘောလုံးအသင်းကို လေ့ကျင့်မှု စတင်နိုင်ရန် လုပ်ဆောင်နေပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် အန်တိုနီဟေးနဲ့ လက်ထောက်နည်းပြ ခါမေးလ်တို့ နှစ်ဦး ဂျာမနီကို ခွင့်ပြန်သွားတဲ့အတွက် ပြန်ရောက်လာတာနဲ့ အစောဆုံး စတင်နိုင်အောင် စီစဥ်နေပါတယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက DuwunSportsကို ပြောထားတာရှိပါတယ်။

ယခုအခါ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် အန်တိုနီဟေးနဲ့ လက်ထောက်နည်းပြတို့ဟာ ဂျာမနီ နိုင်ငံက နေ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်လို့ လေ့ကျင့်မှုတွေကို ယခု(ဇန်နဝါရီလ)အတွင်း စတင်နိုင်ရေး လုပ်ဆောင် နေပြီလို့လည်း သိရပါတယ်။

နည်းပြချုပ်နဲ့ လက်ထောက်နည်းပြ နှစ်ဦးစလုံးဟာ ဂျာမနီနိုင်ငံမှာပင် ကိုဗစ် စစ်ဆေးမှု ခံယူခဲ့ရာ နှစ်ဦးစလုံး ရောဂါပိုး မရှိတဲ့ အဖြေ ထွက်ပေါ်ထားကြောင်းလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် လာ ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ လာမယ့် မတ်လ ၂၅ရက်နေ့မှာ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့၂၀၂၃အာရှဖလား ပြိုင်ပွဲတွေ အတွက် ခြေစစ်ပွဲစဥ်အဖြစ် ဂျပန်လက်ရွေးစင်အသင်းနဲ့ အဝေးကွင်းကစားရဖို့ရှိပါတယ်။

အဲ့နောက် မတ်လ ၃၀မှာတော့ ကာဂျစ္စတန်အသင်းနဲ့ အိမ်ကွင်းပွဲစဥ်ကို လက်ခံကစားရမှာ ဖြစ်လို့ ယခုအခါ နည်း ပြချုပ်လည်း ရောက်ရှိလာပြီဖြစ်တာကြောင့် လေ့ကျင့်ခန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ် ထားတဲ့ ကိုဗစ် သတ်မှတ်စည်းမျဥ်းတွေနဲ့အညီ အ‌စောဆုံး စတင်နိုင်ရေး ကြိုးပမ်းနေပါတယ်။


Author


က္က