မနှစ်က ဘောလုံးရာသီအပြီးမှာ အနားယူခဲ့တာပါ။
Kyaw Ko Ko Sint

မနှစ်က ဘောလုံးရာသီအပြီးမှာ ဘောလုံးကစားခြင်းမှ အနားယူခဲ့တဲ့ ရန်အောင်ကျော်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ရန်ကုန်တစ်သင်းတည်းမှာသာ မြှုပ်နှံခဲ့သူပါ။

အနားယူသွားခဲ့ပြီဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ရန်အောင်ကျော်ဟာ ယခုအခါ ကလပ်အသင်းမှာ Sale Officerအဖြစ်နဲ့ တာဝန်ဆက်လက်ထမ်းဆောင်နေတယ်လို့သိရပါတယ်။



“ကလပ်အသင်းက ကျွန်တော့်ကို ဒီကာလမှာ အလုပ်တစ်ခုရရှိအောင် ပေးထားတဲ့အနေနဲ့ အသင်းမှာ Sale Officer ရာထူးနဲ့ တာဝန်ပေးထားပါတယ်။လောလောဆယ်မှာလည်း နည်းပြလိုင်စင်သင်တန်းတွေ မဖွင့်သေးလို့ ဖွင့်ရင် တော့ တက်ဖို့ စီစဥ်ထားပါတယ်။”လို့ ရန်အောင်ကျော်က DuwunSportsကိုပြောပါတယ်။

ရန်အောင်ကျော်ဟာ မနှစ်က ဘောလုံးရာသီအပြီးမှာ ကစားသမားဘဝက အနားယူသွားခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်ခုလုံးကို ရန်ကုန်ယူနိုက်တက်တစ်သင်းတည်းမှာပဲ မြှုပ်နှံခဲ့သူပါ။

“ကျွန်တော်က နည်းပြလိုင်းထက် စီမံခန့်ခွဲမှုအပိုင်းကို ပိုစိတ်ဝင်စားပေမယ့် ဆရာတွေက မင်းလည်း လက်ရွေးစင် တစ်ယောက်ပဲ နာမည်လည်းရှိပြီးသား။နည်းပြပိုလုပ်စေချင်တယ်လို့ တိုက်တွန်းတာတွေ ရှိပါတယ်။ဒါကြောင့် လက်ရှိ Sale Officer လုပ်နေသလို တစ်ဖက်မှာလည်း နည်းပြသင်တန်းတွေ တက်ထားပါမယ်။”လို့ ရန်အောင် ကျော်က ဆက်လက်ဆိုပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းကတော့ ယခုနှစ်ဘောလုံးရာသီမှာ ကစားသမားသစ်ခေါ်ယူမှုအဖြစ် ကစားသမား ဟောင်း အီမာဆင်နဲ့ဇော်ဝင်းအပါအဝင် ဝင်းနိုင်ထွန်းနဲ့ ကျော်ဖြိုးဝေတို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က