လိဂ်-၁ကလပ်ထရက်အက်ဖ်စီ၊လိဂ်-၂ကလပ် ရနောင်းနဲ့ လိဂ်-၃ကလပ် မြောင်ကန်အသင်းတွေမှာ ကစားဖူးသူ ဖြစ်လာပါတယ်။

ထိုင်းလိဂ်-၃ကလပ် မြောင်ကန်အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဆွမ်လန်မန်ဟာ ယခုအ ခါ လိဂ်-၂ကလပ် ရနောင်းအက်ဖ်စီအသင်းမှာ ရာသီဝက်အငှားနဲ့ သွားကစားပြီလို့ သိရပါတယ်။

ဆွမ်လန်မန်ကို မြောင်ကန်အသင်းက ၂နှစ်စာချုပ်နဲ့ ခေါ်ယူထားတာ ဖြစ်ပေမယ့် ယခုအခါ လိဂ်-၃မှာ အာဆီယံ ကစားသမားခေါ်ယူခွင့် ကိုတာကို ပိတ်လိုက်တာကြောင့် မြောင်ကန်အသင်းဟာ ဆွမ်လန်မန်ကို ယခုလို အခြား အာဆီယံကိုတာရှိနေတဲ့ လိဂ်-၂ကလပ် ရနောင်းကို အငှားနဲ့ စေလွှတ်ရခြင်းဖြစ်တယ်လို့လည်း အေးဂျင့် ကိုရဲနိုင် ဝင်းက ပြောပါတယ်။

“မြောင်ကန်မှာရနေတဲ့ လစာဘတ် တစ်သိန်းနဲ့ အခြား အပိုဆုကြေးတွေအားလုံး အတူတူရရှိမှာ ဖြစ်ပါတယ်။နှစ် ဖက်သဘောတူညီမှုအရ ရနောင်းအသင်းက စုစုပေါင်းပေးချေရမယ့်အထဲကအနည်းငယ်ကို ပေးချေပေးရမယ်လို့ သိရပါတယ်။”လို့ ဆွမ်လန်မန်ရဲ့ အေးဂျင့် ကိုရဲနိုင်ဝင်းက ဆိုပါတယ်။

ဆွမ်လန်မန်ဟာ လိဂ်-၃ကလပ် မြောင်ကန်မှာကစားနေစဥ် လိဂ်-၁ကလပ် ထရက်ဖ်အက်ဖ်စီအသင်းကို အငှားနဲ့ သွားကစားခဲ့ဖူးသလို ယခုအခါမှာလည်း လိဂ်-၂ကလပ် ရနောင်းအသင်းမှာ ထပ်မံ အငှားသွားကစားတာ ဖြစ်ပါ တယ်။

ဒါကြောင့် လိဂ် အတန်း ၃ခုစလုံးမှာကစားဖူးတဲ့ ပထမဆုံး မြန်မာကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့ပြီ ဖြစ်ပါ တယ်။

တဆက်တည်းမှာပဲ လိဂ်-၃ပြိုင်ပွဲကို ယခုအခါ ကိုဗစ်ကြောင့် အပြီး ရပ်နားလိုက်ပြီ ဖြစ်လို့ မြောင်ကန်အသင်းဟာ အဆင့် ၁ကနေ ချန်ပီယံ ဖြစ်ခဲ့ပါပြီ။

ဒါကြောင့် လိဂ်-၂ကို တန်းတက်နိုင်ဖို့အတွက် ဇုန် ၄ခုက ချန်ပီယံနဲ့ ဒုတိယနေရာက အသင်း အားလုံးပေါင်း ၈သင်းဟာ ပတ်လည် စနစ်နဲ့ ကစားရပြီး အမှတ်အများဆုံး ၃သင်းက လိဂ်-၂ကို တက်လှမ်းခွင့်ရမှာပါ။

မြောင်ကန်အသင်းဟာ လိဂ်-၂ကို တန်းတက်ခွင့်ရခဲ့ရင်တော့ လာမယ့်နှစ်မှာ ဆွမ်လန်မန်ကို ပြန်လည်ခေါ်ယူ သွားမယ်လို့လည်းသိရပါတယ်။



က္က