ဗီယက်နမ် ဆီးဂိမ်းအတွက် ကမ့်ဝင်နေရင်း ရုတ်တရက် ကွယ်လွန်ခဲ့တာပါ။

ဗီယက်နမ် ဆီးဂိမ်းအတွက် စခန်းသွင်း လေ့ကျင့်နေတုန်း ဖျားနာရာမှ တဆင့် ရုတ်တရက် သေဆုံးသွားခဲ့ရတာလို့ နီးစပ်သူတွေက ပြောလာပါတယ်။

မြန်မာ့လက်ရွေးစင် ဘိလိယက် ကစားသမား ချစ်ကိုဟာ ကိုဗစ် သံသယနှင့် ယနေ့(ဇူလိုင်လ ၂)နံနက်ပိုင်းက သေ ဆုံးခဲ့တယ်လို့သိရပါတယ်။



ချစ်ကိုဟာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအတွက် ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ စခန်းဝင် လေ့ကျင့်နေသူတစ်ဦးဖြစ်ပါတယ်။

“မနေ့ညနေပိုင်းက သူ့အမေက ကျွန်တော့်ကို နင့်တူ နေမကောင်းဘူး ဝမ်းတွေ မတရား သွားနေတယ် ကူညီပေး လိုက်အုံးလို့ ဖုန်းဆက်လာပါတယ်။မထနိုင်ဘူးပြောလို့ သွားခေါ်တော့ လူချင်းမတွေ့ရဘူး။ကမ့်ကလည်း တံခါး တွေကလည်း သော့ခတ်ထားတယ်။အထဲမှာ သူတစ်ယောက်တည်း။ ခြံကျော်ပြီး တက်ရမလိုလို တွေးသေးတယ်။ အောင်ဆန်းကွင်းရှေ့မှာ ညကြီး စိတ်ပူနေရတယ်။ဖုန်းတောက်လျှောက်ခေါ်တော့ ဖုန်းကိုင်တဲ့ တစ်ချိန်မှာ ဦး သား ဝမ်းတွေတော့သွားနေတယ်။အောက်တော့မဆင်းချင်တော့ဘူးတဲ့။အသံမာမာနဲ့ ပြောနိုင်သေးတယ်။အဲ့ ဒါနဲ့ မနက်မှ ပြန် ဆက်သွယ်မယ်လို့ ပြောပြီး ပြန်လာလိုက်တာ မနက်ကျတော့ ဆုံးသွားပြီလို့ သိရတာပါ။”လို့ ကိုချစ်ကိုရဲ့ ဦးလေးတော်စပ်သူက DuwunSportsကို ပြောပြလာပါတယ်။

ချစ်ကိုဟာ ဆီးဂိမ်း။အာရှနှင့် ကမ္ဘာ့ ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာလည်း နိုင်ငံ့ဂုဏ်ဆောင်ထားနိုင်သူ တစ်ဦး ဖြစ်ပါတယ်။

လက်ရှိ သူမကွယ်လွန်မီမှာတော့ ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ ကစားဖော် ကိုပေါက်စ၊နည်းပြဆရာ ဦးအောင် ဆန်းဦးတို့နှင့်အတူ စခန်းသွင်းနေထိုင်ပြီး လာမယ့် ဗီယက်နမ်ဆီးဂိမ်းမှာ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးစားနေ သူလည်း ဖြစ်ပါတယ်။

“သူသေဆုံးတာ ကိုဗစ်ကြောင့်လို့တော့ ကျွန်တော်က မယုံဘူး ဖြစ်နေပါတယ်။ဒါပေမယ့် သူ နေမကောင်း ဖြစ်နေချိန်မှာတော့ အမြဲတမ်း နုံးနေပြီး ဘိလိယက်လည်း မထိုးနိုင်တော့တဲ့ အခြေအနေထိ ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ဆေးကုပြီး သူ တော်တော်လေးပြန်ကောင်းလာပြီးမှ အဆောင်ကို ပြန်လာခဲ့ပါတယ်။ ပြန်လာပြီး ၃ရက်အကြာမှာ အခုလို ကွယ်လွန်သွားတာပါ။ Dead Bodyကိုတော့ ဆေးရုံကို လိုက်ပို့အပြီး သူ့ဦးလေး ဖြစ်သူနဲ့ အပ်နှံပြီး ထားခဲ့ပါတယ်။ စခန်းကို ပြန်ရောက်လာပြီးနောက် ကစားဖော် ကိုပေါက်စကိုတော့ အခြား တစ်နေရာကို ရွှေ့ထားရပါတယ်။ကျွန်တော်ကိုယ်တိုင်ကလည်း အဖွဲ့ချုပ်မှာ တစ်ဦး တည်းသော ကျန်တဲ့သူ ဖြစ်လို့ လိုအပ်တာတွေကို ဆက်လက်လုပ်ဆောင်နေရပါသေးတယ်။”လို့ ကစားသမား/နည်းပြအဖြစ်နဲ့ ဆောင်ရွက် နေတဲ့ ဦးအောင်ဆန်းဦးက DuwunSportsကို ပြောပြလာပါသေးတယ်။

သေဆုံးသွားတဲ့ ကိုချစ်ကိုရဲ့ Dead Bodyကို ဆေးရုံမှာ ကိုဗစ် ရောဂါပိုး စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပြီး မနက်ဖြန် ဇူလိုင်လ ၃ရက်နေ့ မနက်ပိုင်းလောက်မှသာ ဆေးစစ်ချက်အဖြေကို သိရနိုင်မယ်လို့လည်း ကိုချစ်ကိုရဲ့ ဦးလေး ဖြစ်သူ ပြောစကားအရ သိရပါသေးတယ်။

ဖြစ်စဥ်ကြောင့် ဘိလိယက်နှင့် စနူကာ အားကစားသမားများ ရန်ကုန်မှာ ကမ့်သွင်းလေ့ကျင့်နေမှုကို ခေတ္တရပ်နား ထားရတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က