အောက်တိုဘာလအတွင်းမှာ ကစားသွားရမှာပါ။

မြန်မာ ယူ၂၃ အသင်းကတော့ အုပ်စု (အိုင်) မှာ ကျရောက်နေခဲ့ပြီး အာဆီယံမှာ ခြေစွာနေတဲ့ ဗီယက်နမ်၊ ဟောင်ကောင်၊ တရုတ်တိုင်ပေတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။


၂၀၂၂ ခုနှစ် အာရှ ယူ၂၃ ပြိုင်ပွဲ ခြေစစ်ပွဲအုပ်စုတွေကို ဒီနေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၂၃ ရက်ကနေ ၃၁ ရက်နေ့အထိ ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး အုပ်စု ၁၁ ခုခွဲခဲ့ကာ အသင်းပေါင်း ၄၂ သင်း ပါဝင်ခဲ့ပါတယ်။ မြန်မာ ယူ၂၃ အသင်းကတော့ အုပ်စု (အိုင်) မှာ ကျရောက်နေခဲ့ပြီး အာဆီယံမှာ ခြေစွာနေတဲ့ ဗီယက်နမ်၊ ဟောင်ကောင်၊ တရုတ်တိုင်ပေတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

မြန်မာအသင်းပါဝင်တဲ့ အုပ်စုပွဲစဉ်တွေကိုတော့ တရုတ်တိုင်ပေမှာ ကျင်းပသွားမှာဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲကြီးကိုတော့ ဥဇဘက်ကစ္စတန်က လက်ခံကျင်းပသွားမှာဖြစ်တယ်လို့ AFC ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့ပါတယ်။ အုပ်စုပထမရအသင်းပေါင်း ၁၁ သင်း၊ အကောင်းဆုံး ဒုတိယရအသင်း ၄ သင်း ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး အိ်မ်ရှင်ဥဇဘက်နဲ့အတူ ၂၀၂၂ အာရှ ယူ-၂၃ ပြိုင်ပွဲကို ဆင်နွှဲရမှာလည်းဖြစ်ပါတယ်။ 


လက်ရှိချန်ပီယံအသင်းကတော့ တောင်ကိုရီးယားဖြစ်ပြီး ပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းအဖြစ်နဲ့ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြိုင်ပွဲမှာ တောင်ကိုရီးယားက ဆော်ဒီကို အနိုင်ရရှိဗိုလ်စွဲထားခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာနဲ့အတူ တစ်အုပ်စုတည်းကျရောက်ခဲ့တဲ့ ဗီယက်နမ်ကတော့ ၂၀၁၈ ပြိုင်ပွဲတုန်းက အံ့အားသင့်ဖွယ်ရာခြေစွမ်းနဲ့အတူ ဗိုလ်လုပွဲထိ တက်ရောက်ခဲ့ပြီး အချိ်န်ပိုမှာမှ ဥဇဘက်ကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
 


မြန်မာ ယူ၂၃ အသင်းကတော့ ၂၀၁၃ ခုနှစ်ပြိုင်ပွဲတုန်းက နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရရှိခဲ့ဖူးပါတယ်။ ထိုအချိန်ကတော့ ဂျော်ဒန်၊ တောင်ကိုရီးယား၊ အိုမန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ပွဲတိုင်းအရေးနိမ့်ခဲ့ကာ ရဂိုး ၁ ဂိုး၊ ပေးဂိုး ၁၃ ဂိုးအထိ ရှိခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ အုပ်စုဒုတိယနေရာရရှိခဲ့မယ်ဆိုရင်တောင် မျှော်လင့်ချက်ရှိနေပြီး ဒုတိယအကြိမ်မြောက်အဖြစ် ခြေစစ်ပွဲအောင်မြင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 



က္က