ဘောလုံးနဲ့ ပညာ‌‌ရေး ပူးတွဲ တိုးတက်ဖို့ ရည်ရွယ်တာပါ။
Kyaw Ko Ko Sint

ဒီကနေ့ ကျင်းပပြုလုပ်မယ့် FIFA Football For School Program မှာ နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ဖို့ ရှိနေတယ်လို့လည်းသိရပါတယ်။

ပညာရေး တိုးတက်မှုနဲ့အတူ ဘောလုံးအားကစားပါ ဖွံ့ဖြိုးလာနိုင်ဖို့ ရည်ရွယ်ပြီး ပညာရေး ဝန်ကြီးဌာနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့အကြား နားလည်မှု စာချွန်လွှာရေးထိုးသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ရဲ့ ပြောပြချက်အရ သိရပါတယ်။



မြန်မာနိုင်ငံမှာ ပညာရေးနဲ့ဘောလုံးအားကစား ပူးတွဲ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ အဓိက ရည်ရွယ်လုပ်ဆောင်မယ့် နား လည်မှု စာချွန်လွှာမှာ တာဝန်ယူမှုအပိုင်းတွေပါဝင်လာမှာလည်း ဖြစ်ပါတယ်။

“ အခုထိုးမယ့် MOU အရ ကျွန်တော်တို့ တောင်းဆိုထားတာ ကာယချိန်မှာ ကလေးတွေကို မဖြစ်မနေ အားကစား ပေးလုပ်ဖို့ပါပါတယ်။ဒါပေမယ့် လက်ရှိ သက်တမ်းလိုက် ဘောလုံးပွဲတွေကို သီးခြားစီ လုပ်နေကြတာတော့ရှိတယ်၊ ဒါတွေကို ဘယ်လို ဟန်ချက်ညီညီနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းပြီး ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာတွေ ညှိနှိုင်းကြပါမယ်။”လို့ ဦးဇော်ဇော်က ပြော ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီး ပညာရေးဝန်ကြီးဌာနအနေနဲ့ မြို့နယ်ဘောလုံးပြိုင်ပွဲတွေကို ကိုယ်ပိုင် အသုံးစရိတ် နဲ့ လုပ်ဆောင်လာခဲ့တာ ရှိပြီး လက်ရှိမှာလည်း တိုင်းနှင့်ပြည်နယ် အသက် ၁၄ နှစ်အောက်ပွဲတွေကိုလည်း လုပ် ဆောင်နေနိုင်ပြီလို့ ဦးဇော်ဇော်က ဆက်လက်ပြောပါတယ်။

“ အခုမှစလုပ်မှာတော့မဟုတ်ဖူး၊ကျွန်တော်တို့ စနေပြီ၊လက်ရှိမှာ လုပ်ပြီးခဲ့တာတွေကို ပြန်သုံးသပ်ပြီး ပညာရေးက ဘယ်နေရာပံ့ပိုးပေးရမလဲအားကစားက ဘယ်နေရာပံ့ပိုးရမလဲ၊အဖွဲ့ချုပ်က ဘယ်နေရာတာဝန်ယူမလဲ စတာတွေ ကိုညှိလိုက်တဲ့အခါကျတော့ နိုင်ငံတော် အကြီးအကဲတွေက စိတ်ဝင်စာလာလို့ ပိုပြီး ထိထိရောက်ရောက် ဖြစ်လာပါ တယ်။ ဒီအပေါ်မှာ နားလည်မှု စာချွန်လွှာရေးထိုးပြီးသူတို့ဖက်က အခုထက်ပိုကောင်းအောင် ပံ့ပိုးမယ်ဆိုတာ ကျွန်တော်တို့ သိလာရပါတယ်။”လို့ ဦးဇော်ဇော်က ဆက်လက်ပြောပါတယ်။

အခု နားလည်မှု စာချွန်လွှာအရ တိုင်းနှင့်ပြည်နယ်က ပေါ်ထွက်လာတဲ့ ကလေးတွေကို ရွေးချယ်ခြင်းက ပိုပြီး ထိထိမိမိ ဖြစ်လာစေမယ့် ဥပမာ တစ်ရပ်နဲ့ဦးဇော်ဇော်က ရှင်းပြခဲ့ပါသေးတယ်။

တိုင်းနှင့်ပြည်နယ် အားလုံးကို စတင်မလုပ်ဆောင်နိုင်သေးပေမယ့် လာမယ့်နှစ်က စတင်ပြီး အနည်းဆုံး ၃ခု လောက်ကနေ စတင်လုပ်ဆောင်မယ်လို့လည်းသိရပါတယ်။


Author


က္က