ရှမ်းနဲ့ ကစားနေတဲ့ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

ပွဲချိန် ၄၁ မိနစ်မှာ ရှမ်းတိုက်စစ်မှူး ဇင်မင်းထွန်းနဲ့ ထိခိုက်မိတဲ့အရှိန်ကြောင့် ပထမပိုင်း ပြီးခါနီးမှာ တစ်ဦးတည်း ရှိနေချိန် လဲကျသွားခဲ့တာပါ။



ဒီကနေ့ ညနေပိုင်းက တောင်ကြီးမြို့မှာ ကစားနေတဲ့ရှမ်းယူနိုက်တက်နဲ့ ရန်ကုန်အသင်းတို့ပွဲစဉ်ရဲ့ ပထမပိုင်း ပြီးခါနီးမှာ ရန်ကုန်ဂိုးသမားကျော်ဇင်ထက် ရုတ်တရက် မူးလဲသွားလို့ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။



ပွဲချိန် ၄၁ မိနစ်လောက်မှာ ရှမ်းတိုက်စစ်မှူး ဇင်မင်းထွန်းနဲ့တိုက်မိခဲ့ရာမှာ ဒဏ်ရာမရခဲ့ပေမယ့် ပွဲပြီးဆုံးခါနီးမှာတော့ တစ်ဦးတည်း ရုတ်တရက်လဲကျသွားလို့ ကွင်းအတွင်းမှာပဲ ဆေးကုသမှု ခံယူခဲ့ရပါတယ်။



“ တစ်ယောက်တည်း မူးလဲသွားတာ၊အခုတော့ ဆေးရုံကားနဲ့ခေါ်သွားပြီး သတိတော့ မရသေးဘူး။ အရေးပေါ် ပြုစုပေးရင်း ဆေးရုံကို ခေါ်ဆောင်သွားပါပြီ။”လို့ ရန်ကုန်အသင်း မီဒီယာ တာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်းက Duwun Sports ကို ပြောပါတယ်။

ပထမပိုင်းအပြီးမှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးလို့ ဂိုးမရှိသရေနဲ့ပြီးဆုံးနေပြီး ကျော်ဇင်ထက် နေရာမှာတော့ လူငယ်ဂိုးသမား ဆန်းဆက်နိုင်နဲ့ လူစားလဲခဲ့ပါတယ်။

အခုကစားနေတဲ့ပွဲက မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယား အဆင့် ရပ်တည်မှုကို အပြောင်းအလဲ ဖြစ်ပေါ်စေမယ့် ပွဲလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က