ပိုမိုကောင်းမွန်အောင် လုပ်သွားဖို့ ရည်ရွယ်ထားတာပါ။
Pyae Phyo Thein

Duwun Sports နဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပြီး ပရိသတ်တွေ ပိုမိုစိတ်ဝင်စားလာစေဖို့ အမြဲတမ်းကြိုးစားနေတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ 


အကောင်းဆုံးဆုတွေကို ရွေးချယ်ပေးအပ်ရာမှာ တစ်နှစ်ထက်တစ်နှစ်ပိုမိုပြည့်စုံကောင်းမွန်အောင် ပြုလုပ်သွားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်းက ပြောဆိုသွားခဲ့ပါတယ်။ Duwun Sports နဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပြီး ပရိသတ်တွေ ပိုမိုစိတ်ဝင်စားလာစေဖို့ အမြဲတမ်းကြိုးစားနေတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ 

အကောင်းဆုံးဆုရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအချက်အလက်တွေကို အခြေခံခဲ့လဲဆိုတာကို Duwun Sports က မေးမြန်းခဲ့ရာမှာ ဦးကိုကိုသိန်းက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ "အကောင်းဆုံးကစားသမားဆုတွေကို ပေးအပ်ရာမှာ ပြီးခဲ့တဲ့တစ်နှစ်လုံးမွာ ကလပ်အသင်း၊ လက်ရွေးစင်အသင်းပွဲစဉ်တွေ၊ နိုင်ငံတကာခြေစွမ်းပွဲစဉ်က မှတ်တမ်းအချက်အလက်တွေကို ကျွန်တော်တို့ အသေးစိတ်စာရင်းပြုစုပြီး ရွေးချယ်ခဲ့တာပါ"

"ဆန်ခါတင်စာရင်းအဖြစ် ၃ဦး ရွေးချယ်ခဲ့ပြီး အကောင်းဆုံးကစားသမားကို ထပ်မံရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်" လို့ ဦးကိုကိုသိန်းက ဖွင့်ဟခဲ့ပါတယ်။ နိုင်ငံတကာမှာ ရွေးချယ်ပေးအပ်လေ့ရှိတဲ့ ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ပေးအပ်ချီးမြှင့်ဖို့အတွက်ကိုလည်း လာမယ့်နှစ်တွေမှာ အကောင်းဆုံးစဉ်းစားပြိးတေ့ာ စီစဉ်သွားမယ်လို့လည်း ဦးကိုကိုသိန်းက ထပ်မံပြောဆိုခဲ့့ပါတယ်။

"ကျွန်တော်တို့ ဆုပေးပွဲလုပ်ဖို့အတွက်က အချိန်ကပ်ပြီးမှ လုပ်တာမျိုး၊ အသိပေးတာမျိုးမဟုတ်ပါဘူး၊ ဒီအခမ်းအနားအတွက် ကျွန်တော်တို့ ကြိုတင်ပြီးတော့ ပြောဆိုတာတွေ၊ ကြေညာတာတွေရှိပါတယ်၊ အခုလိုမျိုး ထောက်ပြပြောဆိုတာတွေကလည်း အရမ်းကောင်းပါတယ်၊ ဒါတွေကို ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် စီစဉ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမှာပါ" လို့ ဦးကိုကိုသိန်းက ပြောဆိုခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ်အတွက် ဆုပေးပွဲအခမ်းအနားမှာတော့ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ဒေးဗစ်ထန်၊ လူငယ်ဆုကို မြတ်ကောင်းခန့်၊ အကောင်းဆုံးအမျိုးသမီးဆုကို ရီရီဦး၊ လူငယ်ဆုကို ဖြူဖြူဝင်းနဲ့ အကောင်းဆုံးနည်းပြဆုကို ရှမ်းယူနိုက်တက်အသင်းနည်းပြဦးအောင်နိုင်တို့က ဆွတ်ခူးရရှိသွားခဲ့ကြပါတယ်။ 


က္က