ဆီးဂိမ်းမှာ တတိယ ‌ကြေးတံဆိပ်ရခဲ့ပါတယ်။

အကြိမ် ၃၀ မြောက် ဆီးဂိမ်းမှာ ယူ-၂၂ အသင်းကို တတိယကြေးတံဆိပ်ဆုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာ ယူ-၂၂ အသင်းနဲ့ အတူ အကြိမ် ၃၀ မြောက် ဆီးဂိမ်းမှာ တတိယဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဘူဂေးရီး ယားလူမျိုးနည်းပြ ပိုပေါ့အတွက် အသင်း မဖွဲ့ပေးရသေးပဲ လက်ရှိမှာတော့ နည်းပြချုပ် ဦးစိုးမြတ်မင်း တာဝန်ယူ ကိုင်တွယ်နေတဲ့ အသင်းကို အကြံပေး အဖြစ် တာဝန်ပေးထားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောလာပါတယ်။



ပိုပေါ့အနေနဲ့ ဆီးဂိမ်းအပြီး နေရပ်ကို ခွင့်ဖြင့် ပြန်သွားရာမှ ယခုအခါ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပေမယ့် အသင်း တစ်သင်းကို သပ်သပ်မတ်မတ် တာဝန်ယူစေခြင်းမပြုသေးပဲ ယူ-၁၉ အသင်းကို အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူ ထားစေမှာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ သူ့ကို ယူ-၁၉ အသင်းကို Consultant အဖြစ် တာဝန်ယူထားစေပါမယ်၊အစကတည်းကလည်း သူက ယူ-၁၉ အသင်းကို Consultantအဖြစ် တာဝန်ယူခဲ့တာပါ။လောလောဆယ်မှာတော့ သူ့အတွက် တာဝန်ကို နည်းစနစ် ကော်မတီနဲ့ ညှိနှိုင်းပြီး အသင်းသစ်ဖွဲ့မလား ဘယ်အသင်းကို ပေးမလဲဆိုတာ ထုတ်ပြန်ပေးပါ့မယ်။” လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

လက်ရှိမှာ ယူ-၂၁ အသင်းသစ်တစ်သင်းကို ဖွဲ့စည်းပြီး ၂၀၂၁ ဆီးဂိမ်းအတွက် ပြင်ဆင်သွားမယ်လို့လည်း သတင်းသိရပြီး ဒီအသင်းကို ပိုပေါ့ကိုပဲ တာဝန်ယူစေမလားဆိုတဲ့အပေါ်မှာလည်း မကြာခင် သတင်း အတိအကျကို သတင်းဆက်လက်ထုတ်ပြန်ပေးမယ်လို့ ဦးကိုကိုသိန်းက ‌ဆက်လက်ပြောပါတယ်။

ပိုပေါ့ကတော့ ဆီးဂိမ်းမှာ ယူ-၂၂ အသင်းကို အကောင်းဆုံး တာဝန်ယူနိုင်ခဲ့တာရယ် ကစားသမားတွေအပေါ် ဆက်ဆံတဲ့ အပြုအမူကောင်းတွေကြောင့် ပရိသတ်လက်ခံတဲ့ နည်းပြတစ်ဦး ဖြစ်လာခဲ့သူပါ။

Share

Loading Next Article...
က္က